SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယား အစိုးရက အိမ်ထောင်စုတိုင်းကို ငွေကြေးထောက်ပံ့မည်

Friday, 24 April 2020 11:51 font size decrease font size decrease font size increase font size increase font size

ဆိုး၊  ပြည်တွင်းရေး

နိုင်ငံအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက် ဖြစ်ပွားမှုနှင့်ပတ်သက်၍  အိမ်ထောင်စုတိုင်းကို  ငွေကြေးထောက်ပံ့ပေးရန် တောင်ကိုရီးယား အာဏာ ရပါတီနှင့်အစိုးရအဖွဲ့တို့က ဧပြီ ၂၃ ရက်တွင် သဘောတူညီကြောင်း တောင်ကိုရီးယား ဘဏ္ဍာရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။

တောင်ကိုရီးယားအစိုးရသည် ဗိုင်းရပ်ကူးစက် မှုကြောင့် ၀င်ငွေ ၃၀ ရာခိုင်နှုန်းအထိကျဆင်း သွားရသည့် အိမ်ထောင်စု များကိုသာ ငွေကြေး ထောက်ပံ့ရန် အစောပိုင်းတွင် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

အစိုးရအနေဖြင့်   အိမ်ထောင်စုတိုင်းကို ငွေကြေးထောက်ပံ့ရာတွင် ငွေသားအဖြစ် ပေးနိုင်ရန် ငွေတိုက်စာချုပ်များ ထပ်ထုတ်ပေးသွား မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

တောင်ကိုရီးယားအစိုးရသည် နိုင်ငံအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို အောင်မြင်စွာ ကိုင်တွယ်ထိန်းချုပ် နိုင်သော်လည်း  နေ့စဉ် ဗိုင်းရပ်ကူးစက်ခံရသူ ၁၀ ဦးခန့်ရှိကြောင်း  မကြာသေးမီက ထုတ်ပြန်ထားသည်။ ဧပြီ ၂၂  ရက် ညသန်းခေါင်ယံအထိ ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၁၀၇၀၂ ဦးအထိရှိကြောင်း သိရသည်။             

............

Read 43 times Last modified on Friday, 24 April 2020 11:53