SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ် ကုသရေးအတွက် ဆေးဝါးထုတ်လုပ်ရန် အိန္ဒိယအသင့်ရှိဟုဆို

Saturday, 25 April 2020 11:02 font size decrease font size decrease font size increase font size increase font size

အိန္ဒိယသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အနေဖြင့်   အစိုးရ၏ အတည်ပြု ထောက်ခံချက်သာ ရရှိပါက နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုကို ကုသရေးအတွက် အသုံးဝင်မည့် ဆေးဝါးများကို အမြောက်အမြား ထုတ်လုပ်ရန် အသင့်ရှိကြောင်း အဆိုပါအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကပြောသည်။

ကမ္ဘာ့နိုင်ငံများစွာသည် နိုဗယ်ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်နိုင်မည့် ဆေးဝါးအသစ်များ ထုတ်လုပ်နိုင်ရန် သို့မဟုတ် ရှိပြီးသား ဆေးဝါးများကို ဗိုင်းရပ်တိုက်ဖျက်ရေး အတွက် အသုံးပြုနိုင်ရန် ကြိုးပမ်းနေသည်။

ဆေးဝါးအသစ်များ ထုတ်လုပ်ရန် ဆယ်စုနှစ် တစ်ခုနီးပါး ကြာမြင့်နိုင်သဖြင့် ရှိပြီးသားဆေးဝါးများကို အသုံးပြုခြင်းသည် အဆိုပါ ဗိုင်းရပ်ကို တိုက်ဖျက်ရေးအတွက်ကုထုံးအသစ်များကို   အမြန်ဆုံး ရှာဖွေနိုင်မည့် နည်းလမ်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကပြောသည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ခွင့်ပြုချက်သာရရှိပါက ဗိုင်းရပ်တိုက်ဖျက်ရေး အတွက် ရှိပြီးသားဆေးဝါးများကို အမြောက်အမြား ထုတ်လုပ်ရန် အသင့်ရှိကြောင်း၊ ဆေးဝါးထုတ်လုပ်မှုအတွက် ပုံစံများကို ဆေးဝါးစက်ရုံများသို့ ပေးပို့ပြီးဖြစ်ကြောင်း သုတေသနအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရှက်ခါစီမန်ဒေးက ပြောသည်။

 Favipiravirနှင့်  arbidol  ကဲ့သို့ ပေါင်းစပ်စမ်းသပ်မှုများ မလုပ်ရသေးသည့် ဆေးဝါးအချို့ကို  သုတေသနအဖွဲ့၏ ဓာတ်ခွဲခန်းများတွင် လျင်မြန်စွာ စစ်ဆေးနေကြောင်း၊ လူများတွင် လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်နိုင်ပြီး တာဝန်ရှိသူများ၏ ခွင့်ပြုမိန့်ရပါက ထိုဆေးများကို အချိန်တိုအတွင်း ထုတ်လုပ်နိုင်ကြောင်း ရှက်ခါစီမန်ဒေးက Sputnik သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းခန်း၌ ပြောသည်။

 

Read 46 times Last modified on Saturday, 25 April 2020 11:03