SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင်အစိုးရက မနီလာမြို့နှင့်လူဇွန်ကျွန်းတို့၌ အသွားအလာ တားမြစ်ကာလကို သက်တမ်းတိုး

Saturday, 25 April 2020 11:07 font size decrease font size decrease font size increase font size increase font size

ဖိလစ်ပိုင်အစိုးရသည် မနီလာမြို့နှင့် လူဇွန်ကျွန်းတို့၌   နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး ချမှတ်ထားသည့် အသွားအလာ တားမြစ်မှုကာလကို မေ  ၁၅ ရက်အထိ သက်တမ်းတိုးလိုက်ကြောင်း သိရသည်။

 ဗိုင်းရပ်ကူးစက်ခံရသူငါးဦးလျှင် သုံးဦးမှာ မနီလာမြို့မှဖြစ်သည့်အတွက် ယခုကဲ့သို့ တားမြစ်မှုကာလကိုသက်တမ်းတိုးရခြင်းဖြစ်ကြောင်း သမ္မတရိုဒရီဂိုဒူတာတေက ဗိုင်းရပ်ကူးစက်မှု ထိန်းချုပ်ရေး အထူးလုပ်ငန်းအဖွဲ့နှင့် ဧပြီ ၂၄ ရက်တွင် တွေ့ဆုံစဉ်ပြောသည်။

 ထို့ပြင် လူဇွန်ကျွန်းရှိ ဗိုင်းရပ်ကူးစက်မှု အများဆုံး ပြည်နယ် ၁၇ ခုကို အသွားအလာ တားမြစ်မှုကာလသက်တမ်းတိုးပြီး  ကျန်ပြည်နယ်များတွင်မူ အဆိုပါ တားမြစ်မှုကို ဖြေလျှော့ပေးလိုက်ပြီဖြစ်သည်။

မနီလာမြို့တည်ရှိသည့် လူဇွန်ကျွန်း၏ အရွယ်အစားမှာ တောင်ကိုရီးယားနိုင်ငံ၏အရွယ်အစားနှင့်ညီမျှပြီး လူဦးရေသန်း ၅ဝ ခန့်နေထိုင်သည်။

ဧပြီ ၂၄ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ ၂၁၁ ဦးနှင့်   သေဆုံးသူ ၁၅ ဦး ရှိသည့်အတွက် ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း  ၇၁၉၂  ဦးနှင့်  သေဆုံးသူ စုစုပေါင်း ၄၇၇ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

Read 48 times Last modified on Saturday, 25 April 2020 11:09