SJ WorldNews - шаблон joomla Авто

၂ဝ၃ဝ ပြည့်နှစ်အရောက်တွင် ကမ္ဘာ့ရေနံရောင်းလိုအား မျှော်မှန်းထားသည်ထက် ၆ ရာခိုင်နှုန်း လျော့ကျလာနိုင်

Saturday, 25 April 2020 11:13 font size decrease font size decrease font size increase font size increase font size

တစ်ကမ္ဘာလုံး၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် ရေနံဈေးနှုန်းများ ကျဆင်းသဖြင့် စွမ်းအင်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းလာသောကြောင့် ၂ဝ၃ဝ ပြည့်နှစ်အရောက်တွင် ကမ္ဘာ့ရေနံ ရောင်းလိုအားသည် မျှော်မှန်းထားသည်ထက် ၆ ရာခိုင်နှုန်း လျော့ကျလာနိုင်ကြောင်း စွမ်းအင်သုတေသီများ ကောက်ယူထားသော အချက်အလက်များအရ သိရသည်။

 ဗိုင်းရပ်ကူးစက် ပျံ့နှံ့မှုကြောင့် ရေနံဝယ်လိုအား   အဆမတန် နည်းပါးသွားပြီး ရောင်းလိုအား  အဆမတန်မြင့်တက်လာသည့်အတွက်    စံချိန်တင်ရေနံဈေးနှုန်း ကျဆင်းမှုကိုတုံ့ပြန်ရန်  ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများက   ငွေကြေး ရင်းနှီးမြှုပ်နှံမှုများကို သိသိသာသာ လျှော့ချလာသည်။

 ထို့ပြင် လက်ရှိအကောင်အထည် ဖော်နေဆဲ စီမံကိန်းများကို   ရပ်ဆိုင်းခြင်း သို့မဟုတ် မခန့်မှန်းနိုင်သော အချိန်အထိ ရွှေ့ဆိုင်းခြင်းတို့ကိုလည်း လုပ်ဆောင်လာသည်။

 ထို့ကြောင့် ၂ဝ၂၅ ခုနှစ်အရောက်တွင် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းလိုအားသည် ၅ ဒသမ ၆ ရာခိုင်နှုန်းအထိ နည်းပါးသွားမည်ဖြစ်ကြောင်း သုတေသီများက ပြောသည်။

 လက်ရှိအချိန်တွင်    အမေရိကန်နိုင်ငံ မြောက်ဒါကိုတာပြည်နယ်ရှိ   အကြီးဆုံး ရေနံထုတ်လုပ်မှု ကုမ္ပဏီဖြစ်သည့် ကွန်တီနန်တယ်ရီဆို့ဆက် ကုမ္ပဏီက ရေနံထုတ်လုပ်မှု အများအပြားကို ရပ်ဆိုင်းထားပြီဖြစ်ကြောင်း သိရသည်။

 

Read 52 times Last modified on Saturday, 25 April 2020 11:14