SJ WorldNews - шаблон joomla Авто

ရုရှား၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ စုစုပေါင်း ၇ဝဝဝဝ နီးပါးအထိ ရောက်ရှိ

Saturday, 25 April 2020 11:17 font size decrease font size decrease font size increase font size increase font size

ရုရှားနိုင်ငံ၌ ဧပြီ ၂၄ ရက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၅၈၄၉ ဦး ရှိသည့်အတွက် ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၆၈၆၂၂ ဦးနှင့်သေဆုံးသူ ၆၁၅ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

အခြားဥရောပနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဗိုင်းရပ်ကူးစက်သူ ပမာဏနည်းနေသေးသော ရုရှား၏  တရားဝင် အရေအတွက်အပေါ် ကျွမ်းကျင်ပညာရှင်များက သံသယဝင်ပြီး အမှန်တကယ် ကူးစက်ခံရသူ အရေအတွက်မှာ ပိုမိုများပြားဖွယ်ရှိကြောင်း သတိပေးထားသည်။

ဗိုင်းရပ်ကူးစက်ခံရသူများအနက် အများစုမှာ မော်စကိုမြို့မှဖြစ်သည့်အတွက် ထိုမြို့ရှိ လူဦးရေ ၁၂ သန်းအနက် ခြွင်းချက်ရှိသည့် လူအနည်းစုမှလွဲ၍ အများစုကို ကိုယ့်အိမ်တွင်သာ ကိုယ်နေရန်   တာဝန်ရှိသူများက ညွှန်ကြား ထားသည်။

အလားတူ မော်စကိုမြို့အနေဖြင့် ခက်ခဲသည့် သီတင်းပတ်များကို ရင်ဆိုင်ရမည်ဟု ဒုတိယမြို့တော်ဝန်က  သတိပေးထားပြီး လာမည့် သီတင်းပတ်များအတွင်း ဗိုင်းရပ်ကူးစက်မှု အမြင့်ဆုံးသို့ ရောက်ရှိမည်ဟု ဧပြီ ၂၄ ရက်တွင် ပြောသည်။

ရုရှားနိုင်ငံအနေဖြင့် လူဦးရေ ၁ ဒသမ ၇ သန်းကျော်ကို နိုဗယ်ကိုရိုနာဗိုင်းရပ် စစ်ဆေးမှု လုပ်ဆောင်ထားပြီးသော်လည်း စိတ်ချရမှုနှင့်ပတ်သက်၍    စိုးရိမ်နေရကြောင်း သိရသည်။

 

Read 45 times Last modified on Saturday, 25 April 2020 11:18