SJ WorldNews - шаблон joomla Авто

ဂျပန်၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၁၃၅၇၅ ဦးအထိရှိ

Sunday, 26 April 2020 11:27 font size decrease font size decrease font size increase font size increase font size

တိုကျို၊   ကျန်းမာရေး

ဂျပန်နိုင်ငံ၌ ဧပြီ ၂၅ ရက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၃၉၁ ဦးရှိသည့်အတွက်    ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၁၃၅၇၅ ဦးအထိရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဒေသတွင်းတာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် တိုကျိုမြို့အနီးရှိ ယိုကိုဟားမားမြို့၌ သီးသန့်ခွဲထားသည့် အပျော်စီးသင်္ဘောမှ သေဆုံး သူများအပါအဝင် နိုင်ငံအတွင်း၌ သေဆုံးသူစုစုပေါင်း ၃၅၈ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုဗဟိုချက်ဖြစ်သော တိုကျိုမြို့တွင် နောက်ထပ် ဗိုင်းရပ်ကူးစက်ခံရသူ ၁ဝ၃ ဦး တိုးမြင့်လာရာမှ ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၃၈၃၆ ဦး ရှိလာပြီဖြစ်ကြောင်းနှင့် အိုဆာကာစီရင်စုတွင် ဗိုင်းရပ်ကူးစက်ခံရသူ ၁၄၄၆ ဦးရှိလာပြီး ကူးစက်မှု ဒုတိယအများဆုံးဒေသ ဖြစ်လာသည်။

ထို့ပြင် ကာနာဂါဝါစီရင်စု၌ ၉၁၂ ဦး၊ ချီဘာစီရင်စု၌ အယောက် ၇၉ဝ၊ ဆာတာမာစီရင်စု၌ ၇ဝ၁ ဦး၊ ကျိုဂိုစီရင်စု၌ ၆၁၈ ဦးနှင့် ဟော့ကိုင်းဒိုးစီရင်စု၌ ၆ဝ၁ ဦးတို့ ဗိုင်းရပ်ကူးစက်ခံထားရကြောင်း ဧပြီ ၂၅ ရက်၌ ကောက်ယူသည့် စာရင်းဇယားများအရ သိရသည်။

အမှုထမ်း ၅၇ ဦးလိုက်ပါလာပြီး နာဂါဆာကီဆိပ်ကမ်း၌ ဆိုက်ကပ်သော အပျော်စီးသင်္ဘော၌ ဗိုင်းရပ်ကူးစက်ခံရသူ ၁၄၈ ဦးရှိသည်။

နိုင်ငံအတွင်း၌ ဗိုင်းရပ်ကူးစက်ခံထားရသူများအနက် ၂၆၇ ဦးသည် စိုးရိမ်ရသော အခြေအနေ တွင်ရှိပြီး အောက်ဆီဂျင်ပေးထားရကာ အရေးပေါ်ကုသမှုများ ခံယူနေရကြောင်း  ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုင်းရပ်ကူးစက်ခံရသူ ၃၁၈၁ ဦးသည် ကျန်းမာရေးပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံ ဆင်းခွင့်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

Ref: Xinhua

Read 38 times Last modified on Sunday, 26 April 2020 11:28