SJ WorldNews - шаблон joomla Авто

ဗိုင်းရပ်ကူးစက်ခံရသူများ ထရမ့်ပြောသည့်အတိုင်း လိုက်မလုပ်ရန် ဆရာဝန်များနှင့် ကျွမ်းကျင်ပညာရှင်များသတိပေး

Sunday, 26 April 2020 11:28 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ ကျန်းမာရေး

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရသူများအနေဖြင့် ထရမ့်ပြောသည့်အတိုင်း လိုက်မလုပ်ရန် ဆရာဝန်များနှင့် ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များက ဧပြီ ၂၄ ရက်တွင် သတိပေးလိုက် သည်။

အဆိုပါဗိုင်းရပ်ကူးစက်မှုကြောင့်ဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကိုကုသရန် လူနာ၏ ခန္ဓာကိုယ်ထဲ သို့ပိုးသတ်ဆေးသွင်းသည့်နည်းကို သိပ္ပံပညာရှင်များအနေဖြင့် စမ်းသပ်သင့်ကြောင်း အမေရိ ကန် သမ္မတဒေါ်နယ်ထရမ့်က အကြံပြုထားသည်။

ထို့နောက် ဗိုင်းရပ်ကူးစက်ခံထားရသူများအနေဖြင့် ပိုးသတ်ဆေးများကို သောက်ခြင်း သို့မဟုတ် ခန္ဓာကိုယ်ထဲ ထိုးသွင်းခြင်းမပြုရန် ဆရာဝန်များနှင့် ကျွမ်းကျင်ပညာရှင်များက သတိပေးလိုက်ခြင်း ဖြစ်သည်။

ထရမ့်၏ အကြံပြုချက်သည် အလွန်အန္တရာယ်များပြီး မိုက်မဲသော အကြံပြုချက်ဖြစ်ကြောင်းနှင့် ပိုးသတ်ဆေးများကို ထိုးသွင်းသူမည်သူမဆို သေဘေးနှင့်သာ ကြုံရမည်ဖြစ်ကြောင်း ဆေး ပညာပါမောက္ခပေါဟန်တာက ပြောသည်။ ထို့ပြင် ထရမ့်သည် ဗိုင်းရပ်ကူးစက်ခံထားရသူ များကို ခရမ်းလွန်ရောင်ခြည် ထိုးသွင်းသည့်နည်းဖြင့် စမ်းသပ်ကြည့်ရန်လည်း ပြောထားသည်။

ခရမ်းလွန်ရောင်ခြည်သည် လေထုထဲရှိ အရည်အစက်ကလေးများတွင်ပါသော ဗိုင်းရပ်များကို  သတ်နိုင်ဖွယ်ရှိသော်လည်း လူ့ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများတွင် ရှိသည့်ဗိုင်းရပ်များကို သတ်ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ကြောင်း လန်ဒန်ကင်းကောလိပ်မှ ဆေးဝါး ကျွမ်းကျင် ပါမောက္ခပန်နီဝါ့က ပြောသည်။                  

Ref: Bangkok Post

Read 43 times Last modified on Sunday, 26 April 2020 11:30