SJ WorldNews - шаблон joomla Авто

သုံးနိုင်ငံကြားမှာရှိတဲ့လေပေါ်ကျွန်း

Sunday, 26 April 2020 11:30 font size decrease font size decrease font size increase font size increase font size

ရိုရိုင်မာတောင်ဆိုတာ ဗင်နီဇွဲလား၊ ဘရာဇီးနဲ့ ဂူယာနာနိုင်ငံတို့ကြားမှာ တည်ရှိတဲ့တောင် တစ်တောင်ဖြစ်ပါတယ်။

ဒါပေမဲ့ တောင်ရဲ့ ၈၅ ရာခိုင်နှုန်းက ဗင်နီဇွဲလားပိုက်နက်ထဲမှာရှိပြီး ၁ဝ ရာခိုင်နှုန်းက ဂူယာနာ နိုင်ငံနဲ့ ၅ ရာခိုင်နှုန်းက ဘရာဇီးပိုင်နက်မှာဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ တောင်တက်သမား တွေသာအပေါ်ကိုတက်နိုင်တဲ့ မတ်စောက်တောင် နံရံတွေက မီတာ ၄ဝဝ အမြင့်ရှိပါတယ်။

ရိုရိုင်မာတောင်က မြင့်မားတဲ့ တောင်နံရံတွေကြောင့်သာ နာမည်ကျော်တာမဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ဘီလီယံကတည်းက ဖြစ်ပေါ်ခဲ့တဲ့တောင်ဖြစ်တဲ့အတွက် ကမ္ဘာ့သက်တမ်း အရင့် ဆုံးတောင်တစ်တောင်ဖြစ်ပါတယ်။

အဲဒီတောင်ဝန်းကျင်မှာ နေ့စဉ်နီးပါးဆို သလိုမိုးရွာသွန်းတာကြောင့် ထွက်လာတဲ့ တောင်ခိုး တောင်ငွေ့တွေက တောင်ကိုဝန်းရံလိုက်တဲ့အခါမှာ အပေါ်စီးကကြည့်ရင် လေပေါ်ကျွန်းလို့ ပြောရလောက်အောင် လှပလွန်းပါတယ်။

ဒီတောင်ကို စတင်ရှာဖွေတွေ့ရှိသူကတော့ ဆာဝေါတာရာလေးဖြစ်ပြီး ၁၅၉၅ ခုနှစ် စူးစမ်းလေ့ လာရေးခရီးစဉ်မှာ ရှာတွေ့တာဖြစ်ပါတယ်။

တောင်က အလွန်မတ်စောက်လွန်းတာကြောင့် တောင်ပေါ်တက်ဖို့လွယ်ကူတဲ့ လမ်းကြောင်း လည်းမရှိပါဘူး။ ဒါပေမဲ့ ပထမဆုံး တောင်တက်လမ်းကို ဖန်တီးခဲ့သူကတော့ ဆာအိဗရာ့အင် တမ်းဖြစ်ပြီး ၁၈၈၄ ခုနှစ် ဒီဇင်ဘာလမှာ တောင်ရဲ့အမြင့်ကို တိုင်းဖို့အတွက် အသုံးပြုခဲ့တာဖြစ် ပါတယ်။

အခုဆိုရင် အဲဒီလမ်းကြောင်းဟာ ကမ္ဘာတစ်ဝန်းကလူတွေ လာရောက်လည်ပတ်တဲ့အခါ တောင်ပေါ်တက်ဖို့ လမ်းကြောင်းတွေအနက် အထင်ရှားဆုံးလမ်းကြောင်း ဖြစ်နေပါတယ်။

နွေဦး

Read 48 times Last modified on Sunday, 26 April 2020 11:31