SJ WorldNews - шаблон joomla Авто

ရေအောက်ထဲက သမိုင်းဝင်အဆောက်အအုံ

Sunday, 26 April 2020 11:31 font size decrease font size decrease font size increase font size increase font size

ရေငုပ်စူးစမ်းရှာဖွေရေးသမားတွေ အကြိုက်တွေ့တဲ့ နေရာတစ်ခုကတော့ ဂျပန်နိုင်ငံ ရူကျူ ကျွန်းစုရဲ့ ကမ်းရိုးတန်းအလွန်မှာရှိတဲ့ ယိုနာဂူနီရေအောက်သမိုင်းဝင် အဆောက်အအုံပဲဖြစ် ပါတယ်။

ကျောက်သား အဆောက်အအုံကြီးဟာ နှစ်ပေါင်း ၁ဝဝဝဝကျော်သက်တမ်းရှိပြီဖြစ်ပြီး သဘာဝ အလျောက်လုံးလုံးလျားလျား ဖြစ်တည်နေတာလား၊ လူတွေကတည်ဆောက်ထားတာလား ဆိုတာကိုတော့ အခုအချိန်အထိ မသိရသေးပါဘူး။

အဲဒီအဆောက်အအုံကို ပထမဆုံးရှာဖွေတွေ့ရှိသူက ငါးမန်းတွေကိုလိုက်လံ ရှာဖွေတဲ့ရေငုပ် သမား တစ်ဦးဖြစ်ပြီး ၁၉၈၆ ခုနှစ်မှာဖြစ်ပါတယ်။

ပြီးတဲ့အခါမှာတော့ ကျူရှူတက္ကသိုလ်မှ အဏ္ဏဝါဘူမိဗေဒပညာရှင် မာဆားကီကီမူရာက အဲဒီ အဆောက်အအုံကို နှစ်ပေါင်း ၂ဝ ကျော်ကြာအောင် လေ့လာမှုတွေလုပ်ခဲ့ပါတယ်။

သူ့ရဲ့လေ့လာမှုတွေအရဆိုရင်တော့ အဲဒီအဆောက်အအုံဟာ ရေအောက်မရောက်ခင်  လွန်ခဲ့ တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက တည်ရှိခဲ့တာဖြစ်ပြီး အဆောက်အအုံမှာ ရှိတဲ့အပေါက် တွေနဲ့ အနုပညာလက်ရာမြောက်တဲ့တြိဂံတွေက လူလုပ်ထားတဲ့ လက်ရာတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဘော့စတွန်တက္ကသိုလ်မှ ပါမောက္ခရောဘတ်ရှော့ကတော့ သဲကျောက်တွေနဲ့ ဖွဲ့စည်း ဖြစ်ပေါ်နေတဲ့ အဲဒီအဆောက်အအုံရဲ့ တည်ရှိပုံက လူလုပ်ထားတာမဟုတ်ဘဲ သဘာဝ အလျောက်ဖြစ်တယ်ဆိုပြီး အခိုင်အမာ ပြောထားပြန်ပါတယ်။

နွေဦး

Read 47 times Last modified on Sunday, 26 April 2020 11:33