SJ WorldNews - шаблон joomla Авто

အထည်စတွေထဲ ထည့်ချုပ်နိုင်တဲ့ ရောဂါလက္ခဏာ စောင့်ကြည့်အာရုံခံ ကိရိယာ

Monday, 27 April 2020 10:04 font size decrease font size decrease font size increase font size increase font size

သိပ္ပံ ပညာရှင်တွေဟာ အာရုံခံ ကိရိယာတွေကို တစ်ဆင့်ပြီး တစ်ဆင့် အဆင့်မြှင့်လာကြပြီး လူသားတွေရဲ့ နေ့စဉ် နေထိုင်မှု ဘ၀တွေနဲ့ ပေါင်းစပ်နိုင်ဖို့ ကြိုးပမ်းလာ နေပါတယ်။

ယခု မက်ဆာချူးဆက်နည်းပညာ တက္ကသိုလ်က သေးငယ်ပေါ့ပါးပြီး အ၀တ်အထည်တွေထဲမှာပါထည့် ချုပ်လို့ရတဲ့ အပြင် ရေလျှော်ခံတဲ့ အာရုံခံ ကိရိယာကို ဖန်တီးလိုက်ပါတယ်။

အဲဒီအာရုံခံ ကိရိယာက ၀တ်ဆင်သူတွေရဲ့ အသက် ရှင်သန်ရေးအတွက်အရေးကြီးတဲ့ လက္ခဏာ အခြေ အနေ တွေကို စောင့်ကြည့် ပေးမှာပါ။

တကယ်လို့ အဲဒီအာရုံခံကိရိယာကို အားကစားတီရှပ်မှာ ထည့်သွင်း တပ်ဆင်ထားတယ်ဆိုရင် ၀တ်ဆင်သူရဲ့  နှလုံး ခုန်နှုန်း၊  ခန္ဓာကိုယ် အပူချိန်နဲ့ အသက်ရှူနှုန်း တွေကို စောင့်ကြည့် ပေးနိုင်ပါတယ်။ အာရုံခံ ကိရိယာကိုတော့ စမတ်ဖုန်းနဲ့ ချိတ်ဆက်ထားဖို့ လိုပါတယ်။

ဝတ်ဆင်သူအနေနဲ့ အဲဒီအာရုံခံကိရိယာကို အ၀တ် အထည်တစ်ခုကနေဖြုတ်ပြီး နောက်တစ်ခုမှာတပ်ချင် တယ်ဆို ရင်လည်း ပထမအ၀တ်အထည်ကပုံစံပျက်စီး သွားခြင်းရှိမှာ မဟုတ်ပါဘူး။

ယနေ့အချိန်အခါမှာ  ကိုဗစ်-၁၉ ရောဂါကြောင့် လူတွေကတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေနေရပါတယ်။ ဆရာဝန်တွေ ဆိုရင် လူနာတစ်ယောက်ကို စမ်းသပ်ဖို့ အကာအကွယ်ဝတ်စုံတွေ    အထပ်ထပ်ဝတ်ရပါတယ်။

ဒါကြောင့် မက်ဆာချူးဆက် နည်းပညာတက်္ကသိုလ်ရဲ့တီထွင်မှုက ဆရာဝန်နဲ့ လူနာအကြား ထိတွေ့မှုမရှိ စေဘဲ ရောဂါ အခြေအနေကို စမ်းသပ် ပေးနိုင်မှာဖြစ်တဲ့ အတွက်  ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို လျှော့ချပေးဖို့  တစ်ဖက် တစ်လမ်း ကနေ အကူအညီ ပေးနိုင်မှာပါ။

နွေဦး

Read 54 times Last modified on Monday, 27 April 2020 10:04