SJ WorldNews - шаблон joomla Авто

ဗိုင်းရပ် ကူးစက်မှု မှန်သမျှကို မိနစ် ၉၀ အတွင်း အဖြေရှာပေးမယ့် SAMBA II

Monday, 27 April 2020 15:17 font size decrease font size decrease font size increase font size increase font size

ကိန်းဘရစ်တက်္ကသိုလ်က ဗိုင်းရပ်ကူးစက်မှုမှန်သမျှကို မိနစ် ၉၀ အတွင်း ရှာဖွေစစ်ဆေးအဖြေထုတ်ပေး နိုင်မယ့် စမ်းသပ် ကိရိယာတစ်ခုကို  တီထွင်လိုက်ပါတယ်။

အဲဒီစမ်းသပ်ကိရိယာကတော့ SAMBA II ပါ။ လက်ရှိမှာတော့ ဗြိတိန်တစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံတွေ အတွက် မထုတ်ပေးမီ အင်္ဂလန်မှာရှိတဲ့ ကိန်းဘရစ် တက်္ကသိုလ်ဆေးရုံတွေမှာစမ်းသပ်နေပါပြီ။ SAMBA II  ဆိုတာ ကူးစက် ရောဂါထိန်းချုပ်မှု အတွက် ပေါင်းစပ် ပလက်ဖောင်း တစ်ခုဖြစ်ပါတယ်။

ကျန်းမာရေး ၀န်ထမ်းတွေက အထူး စောင့်ရှောက်ဖို့နဲ့ ရောဂါကို ချက်ချင်းရှာဖွေစစ်ဆေးဖို့ လိုအပ်ချိန်မှာ SAMBA II ကို အသုံးပြု နိုင်ပါတယ်။

ရောဂါစစ်ဆေးစ မ်းသပ်ပြီးတဲ့အချိန်မှာ ကူးစက် ရောဂါရှိသူဆိုရင် သတ်မှတ်လူနာဆောင်ကိုချက်ချင်း သွားခိုင်း နိုင်တဲ့ အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း ရမှုမရှိစေတော့ဘဲ လူ့အသက်ပေါင်း များစွာကို မြန်ဆန်စွာ ကယ်တင် နိုင်မှာဖြစ်ပါတယ်။

ဒီစက်ဟာ  ရောဂါလက္ခဏာ မပြဘဲ  ရောဂါကူး စက်ခံထားရတဲ့ကျန်းမာရေးဝန်ထမ်းတွေကို အချိန်တို အတွင်း မှန်ကန် စွာ စစ်ဆေး ပေးနိုင်တာကြောင့် သူတို့ ဆီကနေတစ်ဆင့် ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေတော့ တဲ့အပြင် ရောဂါ ကူးစက် မခံထားရဘူးဆိုပါက ကူးစက် ရောဂါတိုက်ဖျက်ရေးမှာ ရှေ့တန်းကျကျ ဆက်လက်ပါဝင် နိုင်စေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီစက်ဟာ ကမ္ဘာတစ်ဝန်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့ ဆား(စ်)ကိုရိုနာ ဗိုင်းရပ် ကိုပါ တိကျစွာ စစ်ဆေးပေးနိုင်တယ် လို့ဆိုပါတယ်။

စမ်းသပ်မှုပုံစံမှာလူလုပ်ပေးရတာ ဆိုလို့ သံသယလူနာရဲ့ နှာခေါင်းနဲ့ လည်ချောင်းတို့ဖတ်ကို  SAMBA II စက်ထဲ ထည့်ပေးဖို့ပဲ ရှိပါတယ်။ ကျန်တဲ့ လုပ်ငန်းစဉ် အားလုံးကို စက်က အလိုအလျောက် လုပ်သွားတာပါ။ လက်ရှိမှာတော့ စီးပွားရေး လုပ်ငန်းရှင်နဲ့ပရဟိတ အလှူရှင် ဆာခရစ်ဟွန်းရဲ့ ပေါင် ၂ဒသမ ၄သန်း လှူဒါန်းမှုနဲ့အတူ  ဗြိတိန်နိုင်ငံ တစ်ဝန်းက ဆေးရုံ အများအပြားက SAMBA II စက်တွေကို ပိုင်ဆိုင်ရတော့မှာပါ။   ဆာခရစ်ဟွန်းရဲ့လှူဒါန်းမှုကြောင့် စက်အလုံးရေ ၁၀၀ ကို ၀ယ်ယူနိုင်မယ်လို့ သိရပါတယ်။

နွေဦး

Read 55 times Last modified on Monday, 27 April 2020 15:18