SJ WorldNews - шаблон joomla Авто

ထိုင်း၌ အရေးပေါ် အခြေအနေကာလကို သက်တမ်းတိုးမည်

Tuesday, 28 April 2020 10:00 font size decrease font size decrease font size increase font size increase font size

ထိုင်းနိုင်ငံ၌   နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့်  အရေးပေါ် အခြေအနေ ထုတ်ပြန်ထားသည့် ကာလကို မေလကုန်အထိ သက်တမ်းတိုးမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက် လျော့ကျလာပြီဖြစ်သဖြင့် စီးပွားရေး လုပ်ငန်းများနှင့် ပြည်သူများ၏ လှုပ်ရှားမှုများအပေါ် ကန့်သတ်မှုအချို့ကို ဖြေလျှော့ပေးရန် စဉ်းစားသုံးသပ်နေကြောင်း အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ၌ ဧပြီ ၂၇ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ ကိုးဦးရှိပြီး ဘန်ကောက်မြို့၌ ပထမဆုံးအကြိမ်အဖြစ် ဗိုင်းရပ်ကူးစက်သူ မရှိကြောင်း သိရသည်။

ထို့ပြင် ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၂၉၃၁ ဦးရှိပြီး သေဆုံးသူ ၅၂ ဦးရှိကာ ပြန်လည်ကောင်းမွန်လာသူ ၂၆ဝ၉ ဦး ရှိသည်။

 

Read 38 times Last modified on Tuesday, 28 April 2020 10:01