SJ WorldNews - шаблон joomla Авто

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အလုပ်ပြန်ဝင်

Tuesday, 28 April 2020 10:03 font size decrease font size decrease font size increase font size increase font size

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှုမှ ပြန်လည် သက်သာလာပြီးနောက် ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် အလုပ်ပြန်ဝင်ပြီး အစိုးရအဖွဲ့နှင့် ဆွေးနွေးပွဲပြုလုပ်ကြောင်း သိရသည်။

ဘောရစ်ဂျွန်ဆင်အနေဖြင့် ဗိုင်းရပ်ကြောင့် ဖြစ်သည့် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူပြီး သီတင်းပတ် သုံးပတ်ကျော်အကြာတွင် ဝန်ကြီးချုပ်တာဝန် ပြန်လည် ထမ်းဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရတ်ကပြောသည်။

ဘောရစ်ဂျွန်ဆင်၏ အလုပ်ပြန်ဝင်နိုင်မှုသည် အစိုးရအတွက်နှင့် နိုင်ငံအတွက်ပါ အားပေးမှုတစ်ခုဖြစ်ပြီး ဂျွန်ဆင်အနေဖြင့်လည်း တာဝန်ထမ်းဆောင်ရန် စိတ်အားထက်သန်နေကြောင်း   ဒိုမစ်နစ်ရတ်က ဆက်ပြောသည်။

အသက် ၅၅ နှစ်ရှိ ဘောရစ်ဂျွန်ဆင်သည် ဗိုင်းရပ်ကူးစက်ခံရသည့် လက္ခဏာများ ခံစားရပြီးနောက် ဧပြီ ၅ ရက်တွင် ဆေးရုံ၌ ဆေးကုသမှုခံယူသည်။ သို့သော် နောက်ပိုင်းတွင် အခြေအနေ ဆိုးလာသည့်အတွက် အထူးကြပ်မတ် ကုသဆောင်၌ ပြောင်းရွှေ့ကုသမှု ခံယူရကြောင်းနှင့် ဧပြီ ၁၂ ရက်တွင် ဆေးရုံမှဆင်းခွင့် ရရှိကြောင်း   ဘောရစ်ဂျွန်ဆင် ကပြောသည်။

 

Read 43 times Last modified on Tuesday, 28 April 2020 10:05