SJ WorldNews - шаблон joomla Авто

အရှေ့တောင်အာရှ အတွင်း ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် လူသေဆုံးမှု အများဆုံးဖြစ်

Tuesday, 28 April 2020 10:07 font size decrease font size decrease font size increase font size increase font size

အရှေ့တောင်အာရှ ဒေသအတွင်း  နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် လူသေဆုံးမှု အများဆုံးမှာ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ ဖြစ်ကြောင်း ဧပြီ ၂၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ဗိုင်းရပ်ကူးစက်မှု ဖြစ်ပွားစဉ် ကျန်းမာရေး ဝန်ထမ်းရှားပါးမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်များ နှောင့်နှေးကြန့်ကြာမှုများ ရှိသည့် ဖိလစ်ပိုင်နိုင်ငံသည် အရှေ့တောင်အာရှတွင် ဗိုင်းရပ်ကြောင့် လူသေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်ပြီး  လူတစ်သန်းလျှင်  လေးယောက်ကျော် သေဆုံးနေသည်။ ဖိလစ်ပိုင်၌ ဧပြီ ၂၇ ရက်အထိ သေဆုံးသူ စုစုပေါင်း ၅၁၁ ဦးရှိသည်။

ကမ္ဘာ့စတုတ္ထမြောက် လူဦးရေ အများဆုံး ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှ ဒေသအတွင်း   ကိုဗစ်-၁၉ ရောဂါကြောင့် လူသေဆုံးမှု အများဆုံးဖြစ်ပြီး ရောဂါဖြစ်ပွားသူ စုစုပေါင်းအနက် သေဆုံးသူ ၈ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။ အင်ဒိုနီးရှားနိုင်ငံ၌  ဧပြီ ၂၇ ရက်အထိ  သေဆုံးသူ ၇၆၅ ဦးရှိသည်။

အဆိုပါ သေဆုံးမှုနှုန်းသည် ဖိလစ်ပိုင်၏ လူသေဆုံးမှုနှုန်း ၆ ဒသမ ၆ ရာခိုင်နှုန်းထက် ပိုများသည့်အပြင် တစ်ကမ္ဘာလုံးရှိ ထိုရောဂါဖြင့်သေဆုံးမှုနှုန်း ၆ ဒသမ ၆၅ ရာခိုင်နှုန်း အထက်ဖြစ်သည်။

 

Read 44 times Last modified on Tuesday, 28 April 2020 10:08