SJ WorldNews - шаблон joomla Авто

နယူးဇီလန်၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကို အောင်မြင်စွာ တိုက်ဖျက်နိုင်ပြီဟု ဝန်ကြီးချုပ် ကြေညာ

Tuesday, 28 April 2020 10:11 font size decrease font size decrease font size increase font size increase font size

နယူးဇီလန်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကို အောင်မြင်စွာ တိုက်ဖျက်နိုင်ပြီဖြစ်ကြောင်းနှင့် အသွားအလာတားမြစ်ထားမှုများကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်က ဧပြီ ၂၇ ရက်တွင်ကြေညာသည်။

နိုင်ငံအတွင်း ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု မရှိတော့ကြောင်း၊ ငုပ်လျှိုးနေသော ကူးစက်မှုပင် မရှိကြောင်းနှင့် ဗိုင်းရပ် ချေမှုန်းရေး စစ်ပွဲကို အနိုင်ရရှိခဲ့ပြီဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့ကြောင့် စာသင်ကျောင်းများကိုလည်း ပြန်ဖွင့်မည်ဖြစ်ပြီး  လူလေးသိန်းနီးပါးမှာ လုပ်ငန်းခွင်ပြန်ဝင်နိုင်တော့မည်ဖြစ်သည်။သို့သော် အချို့စီးပွားရေး လုပ်ငန်းများ၊  စားသောက်ဆိုင်များက  ပါဆယ်စနစ်ဖြင့်သာ ဆက်လက် ရောင်းချသွားရမည်ဖြစ်သည်။

ပြည်သူများအနေဖြင့် ငါးမျှားခြင်း၊ လှိုင်းစီးခြင်း၊ တောင်တက်ခရီးသွားခြင်းတို့ကို လုပ်နိုင်ပြီဖြစ်သော်လည်း ဗိုင်းရပ်ကူးစက်မှု မရှိတော့ပြီဟူ၍ ပေါ့ပေါ့ဆဆ မနေစေလိုကြောင်းနှင့် သွားလာလှုပ်ရှားမှုများကို ထိန်းချုပ် ထားသင့်သေးကြောင်း    ဝန်ကြီးချုပ်က  ဆက်ပြောသည်။

လူဦးရေငါးသန်းရှိသည့် နယူးဇီလန်နိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဗိုင်းရပ်ကူးစက်ခံရသူ တစ်ဦးသာရှိသည့်အတွက် တင်းကျပ်မှုများကို ဖြေလျှော့ပေးခြင်းဖြစ်သည်။ ထိုနိုင်ငံ၌ ဗိုင်းရပ်ကူးစက် ခံရသူစုစုပေါင်း ၁၁၂၂ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၉ ဦးရှိကြောင်း သိရသည်။

 

Read 46 times Last modified on Tuesday, 28 April 2020 10:12