SJ WorldNews - шаблон joomla Авто

ဟောင်ကောင် သုတေသီများက ရက်ပေါင်း ၉ဝ ကြာ ဗိုင်းရပ်မကပ်နိုင်သော အပေါ်ယံအလွှာကို တီထွင်

Tuesday, 28 April 2020 10:17 font size decrease font size decrease font size increase font size increase font size

ဟောင်ကောင်သုတေသီများသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ် အပါအဝင်   အခြားသော ဗိုင်းရပ်များနှင့် ဗက်တီးရီးယားများ ရက်ပေါင်း ၉ဝ ကြာ မကပ်ငြိနိုင်သော အပေါ်ယံအလွှာကို တီထွင်လိုက်ကြောင်း သိရသည်။

သုတေသနပြု ရှာဖွေမှု ၁ဝ နှစ်ကြာမြင့်သော MAP1 ဟုခေါ်သည့် ထိုအလွှာကို ဓာတ်လှေကား ခလုတ်များနှင့် လက်ရန်းများကဲ့သို့ လူများမကြာခဏ ထိတွေ့နေသည့် မျက်နှာပြင်များအပေါ် ဖျန်းနိုင်ကြောင်း ဟောင်ကောင်သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (HKUST)မှ သုတေသီများက ပြောသည်။

ထိုအလွှာသည် ရောဂါပိုးများ ကူးစက်မှုမှ ကာကွယ်ရန် အလွန်ထိရောက်သော ကြားခံပစ္စည်းဖြစ်ကြောင်း HKUST ရှိသုတေသနအဖွဲ့ အကြီးအကဲ ပူးတွဲပါမောက္ခဂျိုးဆပ်ကွမ် ကပြောသည်။

ဆေးဖျန်းပြီးနောက် ဖြစ်ပေါ်လာသော ထိုအလွှာတွင် ပိုးသတ်ဆေးများ ပါဝင်သော နာနိုဆေးတောင့် သန်းပေါင်းများစွာရှိပြီး ယင်းဆေးများသည် အလွှာခြောက်သွားပြီး နောက်လည်း ဗိုင်းရပ်များနှင့် ဗက်တီးရီးယားများကိုသတ်ရန် ထိရောက်မှု ရှိဆဲဖြစ်ကြောင်းသိရသည်။

ထို့ပြင် အဆိုပါအလွှာသည် အခြားပိုးသတ်နည်းများနှင့် မတူဘဲ အပူကို ထိတွေ့ ခံစားနိုင်သည့် ပေါ်လီမာများနှင့် ဖန်တီးထားသောကြောင့် လူက ထိုအလွှာကို ထိမှသာ အလွှာထဲမှ ပိုးသတ်ဆေး ထွက်လာခြင်းဖြစ်ကြောင်း ဂျိုးဆပ်ကွမ် ကပြောသည်။

ယင်းအလွှာသည်   အဆိပ်မဖြစ်စေကြောင်းနှင့် အရေပြားနှင့် သဘာဝပတ်ဝန်းကျင်အတွက်ေ ဘးကင်းကြောင်း သုတေသီများက ဆိုသည်။

ထိုအလွှာကို ဖေဖော်ဝါရီလတွင် တရားဝင် ထောက်ခံထားပြီဖြစ်သောကြောင့် မေလတွင်  ဟောင်ကောင်ရှိ  ဈေးဆိုင်များ၌ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

Read 50 times Last modified on Tuesday, 28 April 2020 10:18