SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ကျန်းမာလျက်ရှိဟုဆို

Tuesday, 28 April 2020 10:30 font size decrease font size decrease font size increase font size increase font size

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည်   ကျန်းမာလျက်ရှိကြောင်း   တောင်ကိုရီးယား သမ္မတ၏ လုံခြုံရေး အကြံပေးအရာရှိ မွန်ချွမ်းအင် ကပြောသည်။

ကင်ဂျုံအွန်သည် နိုင်ငံအရှေ့ပိုင်းရှိ ဝန်ဆန် အပန်းဖြေစခန်း၌ ဧပြီ ၁၃ ရက်မှစ၍ နေထိုင်နေကြောင်း၊  ယခုအချိန်အထိ သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို မတွေ့ရကြောင်း  မွန်ချွမ်းအင်က ဧပြီ ၂၆ ရက်တွင် CNN သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ ပြောသည်။

ထို့ပြင်    ကင်ဂျုံအွန်၏ ကျန်းမာရေးနှင့် ပတ်သက်၍ ထွက်ပေါ်နေသည့် ကောလာဟလများကိုလည်း ၎င်းက  ငြင်းဆိုထားသည်။

ကင်ဂျုံအွန်သည် ဧပြီ ၁၁ ရက်တွင် ကျင်းပသော အလုပ်သမား ပါတီပေါလစ်ဗျူရို အစည်းအဝေးပြီးနောက် လူမြင်ကွင်းသို့ ထွက်လာခြင်း မရှိသောကြောင့် ၎င်း၏ ကျန်းမာရေးနှင့် ပတ်သက်၍   ကောလာဟလ အမျိုးမျိုး ထွက်ပေါ် လာသည်။

ကင်ဂျုံအွန်သည်   နှလုံးသွေးကြော ခွဲစိတ်ကုသမှု ခံယူပြီးနောက်   နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှုကို ရှောင်ရှားနိုင်ရန် သီးသန့်ခွဲနေကြောင်း တောင်ကိုရီးယား သတင်းဌာနတစ်ခုက ဖော်ပြထားသည်။

 

Read 58 times Last modified on Tuesday, 28 April 2020 10:32