SJ WorldNews - шаблон joomla Авто

ရှန်ဟိုင်းနှင့်ပေကျင်းမြို့တို့၌ စာသင်ကျောင်းများ ပြန်ဖွင့်

Tuesday, 28 April 2020 10:35 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံ  ရှန်ဟိုင်းမြို့နှင့်ပေကျင်းမြို့ရှိ စာသင်ကျောင်းများကို အစိုးရက ဧပြီ ၂၇ ရက်တွင် ပြန်ဖွင့်လိုက်ပြီး ကျောင်းသား၊ ကျောင်းသူထောင်ပေါင်းများစွာက ကျောင်းများ ပြန်တက်ကြောင်း သိရသည်။

ပေကျင်းမြို့ရှိ  ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စာသင်ကျောင်း အပေါက်ဝတွင်  အပူချိန်တိုင်းမှုကို ခံယူရမည် ဖြစ်ပြီး  လူတစ်ဦး၏ရောဂါပိုး ကူးစက်နိုင်ခြေကို တွက်ချက်ပေးသော အပလီကေးရှင်းတွင် ကျန်းမာရေး ကောင်းသည့် သင်္ကေတပြသနိုင်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလားတူ ရှန်ဟိုင်းမြို့ရှိ စာသင်ကျောင်းအချို့၌   ပုံမှန်မဟုတ်သော အပူချိန်ရှိသည့်  ကျောင်းသားများကို အထူးစီစဉ်ထားသည့် အခန်းများတွင် ထားရှိသည်။ အစိုးရသည် ဗိုင်းရပ်ကူးစက် ပျံ့နှံ့မှုစတင်ဖြစ်ပွားသည့်   ဝူဟန်မြို့ရှိ အထက်တန်းကျောင်းများကို မေ ၆ ရက်တွင်ပြန်ဖွင့်နိုင်ရန်  စီစဉ်ထားသည်။

နိုင်ငံအတွင်းရှိမြို့ကြီးများ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကို ထိန်းချုပ်ရန် အစိုးရကစာသင်ကျောင်းများကို လပေါင်းများစွာကြာ ပိတ်ပြီးနောက်ပုံမှန်အခြေအနေ ပြန်ရောက်လာသည့်မြို့များရှိ   စာသင်ကျောင်းများကို ပြန်ဖွင့်ပေးခြင်း ဖြစ်သည်။

တရုတ်အစိုးရသည်   နိုင်ငံအတွင်း  ဗိုင်းရပ်ကူးစက်မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း ပြည်ပမှပြန်လာသူများတွင်  ဗိုင်းရပ်ကူးစက် ခံထားရသူများ ပါဝင်မှုအပေါ် သတိထား ဆောင်ရွက်နေရသည်။

 

Read 47 times Last modified on Tuesday, 28 April 2020 10:36