SJ WorldNews - шаблон joomla Авто

လွှတ်တော်တက်မည့်မလေးရှားအမတ်များ ဗိုင်းရပ်စစ်ဆေးမှုခံယူရမည်

Wednesday, 29 April 2020 19:44 font size decrease font size decrease font size increase font size increase font size

ပီတလင်းဂျာယာ၊ ကျန်းမာရေး

မလေးရှားနိုင်ငံ၌ မေ ၁၈ ရက်တွင် တစ်ရက်တာ အောက်လွှတ်တော် အစည်းအဝေးကျင်းပ မည်ဖြစ်ပြီး ထိုအစည်းအဝေးသို့တက်မည့် လွှတ်တော်အမတ်များအနေဖြင့် ဗိုင်းရပ်ကူးစက်ခံ ထားရခြင်းရှိ၊ မရှိ စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် အသွားအလာ ထိန်းချုပ်မှုအမိန့်ကို ထုတ်ပြန်ထားပြီးနောက် ဗိုင်းရပ်ကူးစက် ပျံ့နှံ့မှုကို လျှော့ချရေး လုပ်ဆောင်ချက်တစ်ခုအနေဖြင့် လွှတ်တော်တက်မည့် အမတ်များကို မေ ၁၄ ရက်နှင့် ၁၅ ရက်တွင်ဆေးစစ်ရန် အောက်လွှတ်တော် ဥက္ကဋ္ဌက သဘောတူထား ကြောင်း လွှတ်တော်အတွင်းရေးမှူးက လွှတ်တော်အမတ်များသို့ ဧပြီ ၂၇ ရက်တွင် ပေးပို့သည့် စာ၌ ဖော်ပြထားသည်။

အောက်လွှတ်တော် အစည်းအဝေးကို မတ် ၉ ရက်တွင် ကျင်းပရန်လျာထားသော်လည်း အစိုးရ အပြောင်းအလဲဖြစ်ခြင်းကြောင့် မေ  ၈ ရက်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ပြီး လွှတ် တော်၌ မလေးရှားဘုရင်က မိန့်ခွန်းပြောမည်ဖြစ်သည်။

လွှတ်တော်တက်မည့် အမတ်များအနေဖြင့် လွှတ်တော်သို့ လာရောက်စစ်ဆေးမှုခံယူရန်နှင့်  လွှတ်တော်သို့လာရန် အဆင်မပြေသူများက နီးစပ်ရာအစိုးရဆေးရုံ၊ ဆေးခန်းများ၌ စစ်ဆေးမှု ခံယူရန် လွှတ်တော်အတွင်းရေးမှူးက တိုက်တွန်းထားသည်။                   

Ref: The St

Read 35 times Last modified on Wednesday, 29 April 2020 19:45