SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ကပ်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်ကိုသာ နားထောင်သင့် ဟုဆို

Wednesday, 29 April 2020 19:45 font size decrease font size decrease font size increase font size increase font size

ဂျီနီဗာ၊ ကျန်းမာရေး

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် နိုဗယ်ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်ရေးနှင့် ပတ်သက်၍ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည့် လမ်းညွှန်ချက်များကိုသာ ကမ္ဘာ့နိုင်ငံများက နားထောင် သင့်ကြောင်း ထိုအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် လမ်း ညွှန်ချက်များနှင့်အညီ လုပ်ဆောင်ခြင်းက လက်ရှိတွင် အကောင်းဆုံးဖြစ်ကြောင်း ညွှန်ကြား ရေးမှူးချုပ်က ဧပြီ ၂၇ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သက်ဆိုင်ရာ အစိုးရခေါင်းဆောင်များအနေဖြင့် ဗိုင်းရပ်ကူးစက်မှုကို စောစောစီးစီးလက်ဦးမှု ရယူထိန်းချုပ်ခြင်းက ဗိုင်းရပ်ပျံ့နှံ့မှုကို သိသိသာသာ လျော့ကျစေကြောင်း ကဆက်ပြော သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် အဆိုပါ ဗိုင်းရပ်ကူးစက်မှုနှင့် ပတ်သက်၍ နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ဇန်နဝါရီ ၃ဝ ရက်တွင်ကြေညာပြီး ထိုအချိန် က တရုတ်နိုင်ငံပြင်ပရှိ ၁၈ နိုင်ငံတွင်သာ ဗိုင်းရပ်ကူးစက်ပျံ့နှံ့ပြီး ကူးစက်ခံရသူ ၈၂ ဦးနှင့် သေဆုံးသူမရှိကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာချက်များ ထုတ်ပြန်ချိန်တွင် တရုတ်နိုင်ငံ၏ ဗိုင်းရပ် ကူးစက်မှုကို အစောပိုင်းထိန်းချုပ်မှု လုပ်ဆောင်ချက်များနှင့် ကျန်နိုင်ငံများအနေဖြင့် လိုက်နာ လုပ်ဆောင်သင့်သည့် လမ်းညွှန်ချက်များကို ပေးအပ်ကြောင်း သိရသည်။

Ref: News Week

Read 36 times Last modified on Wednesday, 29 April 2020 19:47