SJ WorldNews - шаблон joomla Авто

ဗိုင်းရပ်ကူးစက်မှုအန္တရာယ်နှင့်ပတ်သက်၍ ထရမ့်ကို ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလကတည်းက သတိပေးခဲ့ခြင်းဖြစ်

Wednesday, 29 April 2020 19:47 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်၊ ပြည်တွင်းရေး

အမေရိကန်နိုင်ငံအတွင်း ဖြစ်လာနိုင်သည့် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု အန္တရာယ်နှင့် ပတ် သက်၍ သမ္မတဒေါ်နယ်ထရမ့်ကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလကတည်းက ထောက်လှမ်းရေး အစီရင်ခံစာများ၌ သတိပေးခဲ့ခြင်းဖြစ်ကြောင်း The Washington Post သတင်းဌာနက ဧပြီ ၂၇ ရက်နှောင်းပိုင်းတွင် ဖော်ပြထားသည်။

ဗိုင်းရပ်ကူးစက်မှုနှင့် ပတ်သက်၍ ဖြစ်လာနိုင်သည့် အခြေအနေများကို ထရမ့်ကလျှော့တွက် နေချိန်တွင် ထောက်လှမ်းရေးအဖွဲ့က နေ့စဉ်အစီရင်ခံစာများ၌ သတိပေးခဲ့ခြင်းဖြစ်ကြောင်း  အမည်မဖော်လိုသူ တာဝန်ရှိသူများ၏ ပြောဆိုချက်ကိုကိုးကား၍ သတင်းဌာနက ဖော်ပြထား ခြင်းဖြစ်သည်။

ထိုသတိပေးစကားများတွင် ဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးနိုင်ခြေ၊ ကူးစက်မှုတို့နှင့် ပတ် သက်သည့် သတင်းများကို တရုတ်က ထိမ်ချန်မှုနှင့် ကြောက်မက်ဖွယ် ကောင်းစွာ ဆိုးရွား လာနိုင်သော နိုင်ငံရေးနှင့် စီးပွားရေး အကျိုးဆက်များ ပါဝင်ကြောင်း သိရသည်။

သို့သော် ထရမ့်သည် အဆိုပါအစီရင်ခံစာများကို မဖတ်သည့်အပြင် နှုတ်ဖြင့်တင်ပြချိန်များတွင် လည်း မနှစ်သက်သည့် အမူအရာများပြကြောင်းနှင့် ကမ္ဘာ့ကပ်ရောဂါအတွက် ကြိုတင်ပြင် ဆင်မှုအားနည်းခဲ့ကြောင်း အဆိုပါ အမည်မဖော်လိုသူ တာဝန်ရှိသူများက ပြောသည်။

ထရမ့်သည် ဇန်နဝါရီလနှောင်းပိုင်းတွင် တရုတ်နိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှုကိုသာ တားမြစ်ခဲ့ပြီး မတ် ၁၃ ရက်မတိုင်မီအထိ  ဗိုင်းရပ်ကူးစက်မှု အခြေအနေကို လျှော့တွက်ကာ နိုင်ငံကိုအရေးပေါ် အခြေအနေ မကြေညာခဲ့ကြောင်း သိရသည်။

ထိုကာလအတွင်း စတော့ရှယ်ယာ ဈေးကွက်ဆိုးရွားစွာကျဆင်းပြီး နယူးယောက်၌ ဗိုင်းရပ် ကူးစက်ခံရသူ တစ်ဟုန်ထိုး မြင့်တက်လာသည်။ ယခုအခါ အမေရိကန်နိုင်ငံ၌ ဗိုင်းရပ်ကူးစက် ခံရသူတစ်သန်းကျော်ရှိကာ သေဆုံးသူ ၅၇ဝဝဝ နီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။

Ref: Bangkok Post

Read 40 times Last modified on Wednesday, 29 April 2020 19:48