SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့်ဖြစ်နိုင်တဲ့ ဆက်စပ်ရောဂါများ

Thursday, 30 April 2020 09:52 font size decrease font size decrease font size increase font size increase font size

ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့်ဖြစ်နိုင်ဖွယ်ရှိတဲ့ ရောဂါ တွေကို ဆရာဝန်တွေက တွေ့ရှိထားပါတယ်။

အမေရိကန်နိုင်ငံမှ အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ နစ်ကိုးဒီရိုဟာ ကိုဗစ်-၁၉ ရောဂါကြောင့် အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှုခံယူနေရသူပါ။ တစ်နေ့မှာတော့ ဆရာဝန်တွေက နစ်ကိုးဒီရိုရဲ့ ညာဘက်ခြေထောက်ကို မဖြစ်မနေဖြတ်လိုက်ရပါတယ်။ ဖြတ်ရတဲ့ အကြောင်း ရင်းကတော့ သွေးခဲပြီးသွေးကြော ပိတ်သွားလို့ဖြစ်ပါတယ်။

ဒီလိုမျိုးသွေးခဲပြီး သွေးကြောပိတ်တာမျိုးကို အထူးကြပ်မတ်ကုသမှုခံယူနေရတဲ့ လူနာတွေမှာ အကြောင်းအမျိုးမျိုးကြောင့် တွေ့ရလေ့ရှိပါတယ်။ ဒါပေမဲ့ တခြားအကြောင်းအရာတွေထက် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရတဲ့လူနာတွေမှာ ပိုပြီးအတွေ့များ နေပါတယ်။

ဒါ့အပြင် ဒီလိုအခြေအနေမျိုးတွေကို တရုတ်၊ ဥရောပနဲ့ အမေရိကန်နိုင်ငံတို့မှာရှိတဲ့ ကိုဗစ်-၁၉ ရောဂါကုသရေးနေရာတွေမှာ အများဆုံးတွေ့လာရတယ်လို့ ဆိုပါတယ်။ နယူးယောက်မြို့မှာ ရှိတဲ့ လန်ဂိုနီဆေးရုံမှ အထူးကြပ်မတ်ကုသဆောင် တာဝန်ကျဆရာဝန် ရှာရီဘရော့စနာဟန် က သူ့ရဲ့အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေတဲ့ အသက် ၄ဝ ကျော်လူနာတွေရှိ တယ်လို့ပြောပါတယ်။

သူတို့တွေအားလုံးဟာ လက်တွေမှာသွေးခဲပြီး သွေးကြောပိတ်နေတဲ့အတွက် အဲဒီလက်တွေ ကို ဖြတ်လိုက်ရဖွယ်ရှိတယ်လို့ ရှာရီဘရော့စနာဟန်က ဆိုပါတယ်။ နယ်သာလန် သုတေသီ တွေရဲ့ဖော်ပြချက်အရဆိုရင် လူနာ ၁၈၄ ယောက်အနက် ၃၁ ရာခိုင်နှုန်းက သွေးခဲခြင်းဖြစ် ပေါ်တယ်လို့ သိရပါတယ်။ သွေးခဲသူတိုင်းလက်တွေ ခြေထောက်တွေဖြတ်ရလေ့ မရှိသော် လည်း အခုတွေ့ရှိတဲ့ပမာဏက ထူးထူးခြားခြား မြင့်တက်နေတာကို တွေ့ရပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ဖြစ်နိုင်တဲ့အကြောင်းရင်းတစ်ခုကတော့ ပြင်းထန် ကိုဗစ်-၁၉ ရောဂါခံစားရသူတွေဟာ နှလုံး သို့မဟုတ် အဆုတ်ရောဂါ အခံတွေရှိတတ်ကြပါ တယ်။ အဲဒီရောဂါတွေကလည်း သွေးခဲခြင်းကို ဖြစ်စေပါတယ်။

နောက်ထပ် အကြောင်းရင်းတစ်ခုက ကိုဗစ်-၁၉ လူနာတွေမှာ ပုံမှန်မဟုတ်တဲ့ ကိုယ်ခံအား တုံ့ပြန်မှုဖြစ်ပေါ်လေ့ရှိပါတယ်။ အဲဒီလိုဖြစ်ပေါ်မှုကလည်း သွေးခဲခြင်းကိုဖြစ်စေတယ်လို့  သုတေသန တွေမှာတွေ့ရပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ နောက်ထပ်အကြောင်းရင်းက နိုဗယ် ကိုရိုနာဗိုင်းရပ်ကိုယ်၌က သွေးခဲခြင်းကို ဖြစ်ပေါ်စေတာဖြစ်တယ်လို့ သုတေသီတွေက ယူဆ ထားပါတယ်။

ဒီလို သွေးခဲခြင်းကိုကုသရာမှာ ဟီပါရင်လိုမျိုး သွေးကျဲဆေးတွေက ထိရောက်မှုရှိပေမယ့် လူနာအားလုံးမှာတော့ အဆင်မပြေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် တချို့လူနာတွေမှာ သွေးခဲ ထုထည်က အလွန်သေးငယ်လို့ ဖြစ်တယ်ဆိုပြီး ရှာရီဘရော့စနာဟန်က ပြောထားပါတယ်။

နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်နိုင်တဲ့ နောက်ထပ် ရောဂါတစ်ခုကတော့ ကလေးငယ်တွေ မှာဖြစ်ပြီး နှလုံးပတ်ဝန်းကျင် ရောင်ရမ်းခြင်း ဖြစ်ပါတယ်။

နှလုံးပတ်ဝန်းကျင် ရောင်ရမ်းခြင်းက နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်နိုင်တယ်လို့ ဗြိတိန် ဆရာဝန်တွေက သတိပေးထားစဉ်မှာပဲ ပြင်သစ်နိုင်ငံမှာ ကလေးငယ်တစ်ဒါဇင်ကျော်ဟာ ဒီလိုရောဂါကို ခံစားနေရတယ်လို့ ပြင်သစ်ကျန်းမာရေးဝန်ကြီးက ဧပြီ ၂၉ ရက်မှာပြောပါတယ်။

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရတဲ့ ကလေးငယ်တွေမှာ ပုံမှန်မဟုတ်တဲ့ရောဂါ လက္ခဏာ စုတွေကိုတွေ့ရှိလာရပြီး အဲဒီထဲမှာ ဝမ်းဗိုက်ပိုင်းနာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းပါဝင်တဲ့အပြင် ဒီလိုဖြစ်ပြီဆိုရင် အထူးကြပ်မတ် ကုသဆောင်မှာ မဖြစ်မနေကုသဖို့လိုအပ်တယ်လို့ ဗြိတိန် အမျိုးသား ကျန်းမာရေးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်အကုန်မှာ သတိပေးထားတာပါ။

ကလေးငယ်တွေမှာ ဗိုင်းရပ်ကူးစက်ချိန်မှာ ခန္ဓာကိုယ်ရဲ့ အလိုအလျောက်ခုခံမှုက ဒီလိုရောဂါ ဖြစ်ပေါ်လာရတာ ဖြစ်နိုင်တယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်ကော့က ဧပြီ ၂၈ ရက် မှာပြောထားပါတယ်။ ဒ့ါအပြင် ဒီလိုရောဂါတွေကို အီတလီ၊ စပိန်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့မှာရှိတဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရတဲ့ ကလေးငယ်တွေမှာ တွေ့ရတယ်လို့လည်း သိရပါတယ်။

ဗိုင်းရပ်ကူးစက်ခံရတဲ့ ကလေးငယ်တွေမှာ ဒီလိုဖြစ်တတ်ပေမယ့် နှလုံးပတ်ဝန်းကျင် ရောင်ရမ်း ခြင်းကြောင့် သေဆုံးရတဲ့သူ မရှိပါဘူး။ လက်ရှိအချိန်မှာတော့ ဘာကြောင့် ဒီလိုဖြစ်တယ် ဆိုတာကို ဖြေရှင်းပေးနိုင်တဲ့အဖြေ တိတိကျကျ မရှိသေးပါဘူး။

Ref: Bangkok Post

ထက်မြတ်

Read 36 times Last modified on Thursday, 30 April 2020 09:57