SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ကပ်ရောဂါကာလအတွင်းမွေးသည့်ကလေးအချို့ ကိုဗစ်၊ ကိုရိုနာ၊ လော့ဒေါင်းအမည်များ မှည့်ခံရ

Thursday, 30 April 2020 09:57 font size decrease font size decrease font size increase font size increase font size

မနီလာ၊ လူမှုရေး

ကမ္ဘာ့ကပ်ရောဂါကာလအတွင်း မွေးသည့်ကလေးအချို့သည် ကိုဗစ်၊ ကိုရိုနာ၊ လော့ဒေါင်း အမည်များမှည့်ခံရကြောင်း Bangkok Post သတင်းဌာနက ဧပြီ ၂၉ ရက်တွင် ဖော်ပြထား သည်။

ဖိလစ်ပိုင်နိုင်ငံ ဘာကိုလော့မြို့မှ ကောလင်းတဘီဆာအမည်ရှိ မိခင်တစ်ဦးက ဧပြီ ၁၃ ရက် တွင် ကျန်းမာသော မိန်းကလေးတစ်ဦးကို မွေးဖွားသည်။ ထို့နောက် ကလေးငယ်၏ဖခင်က ကလေးငယ်၏ အမည်ကို  ကိုဗစ်မာရီဟု အမည်ပေးလိုက်သည်။

ထိုသို့အမည်ပေးရသည့် အကြောင်းရင်းမှာ ကိုဗစ်-၁၉ ရောဂါသည် ဒုက္ခများကိုသာဖြစ်စေ သည်မဟုတ်ဘဲ တို့အတွက် ကံကောင်းခြင်း လက်ဆောင်ပါရရှိစေသည်ကို အသိအမှတ်ပြု သောအားဖြင့် မှတ်မိနေစေရန်ဖြစ်ကြောင်း ကလေးငယ်၏ဖခင် ဂျွန်တူပက်က ပြောသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်းမှ မိခင်နှစ်ဦးကလည်းအလားတူ စိတ်ကူးအကြံဉာဏ်ရှိသည့်အတွက် တို့မွေးလာသည့် ကလေးများကို ကိုရိုနာကူးမာနှင့် ကိုရိုနာကူမာရီဟူ၍ အမည်ပေးသည်။ ထို့ပြင် မွေးရပ်မြေရာဂျက်စသန်ပြည်နယ်မှ ကီလိုမီတာထောင်ပေါင်းများစွာ ကွာဝေးသည့် နိုင်ငံအရှေ့မြောက်ပိုင်း၌ပိတ်မိနေသော ရွှေ့ပြောင်းအလုပ်သမား ဇနီးမောင်နှံကတို့ မွေးလာသောကလေးကို လော့ဒေါင်းဟူ၍ အမည်ပေးသည်။

ကပ်ရောဂါဖြစ်ပွားသည့် ကာလအတွင်း ရင်ဆိုင်ရသော ခက်ခဲကြမ်းတမ်းမှုများကို အမြဲတမ်း အမှတ်ရစေရန် ကလေး၏အမည်ကို လော့ဒေါင်းဟု ပေးရခြင်းဖြစ်ကြောင်း ကလေး၏ ဖခင်ဆန်ဂျေးဘာအူရီက ပြောသည်။           

Ref: Bangkok Post

Read 48 times Last modified on Thursday, 30 April 2020 09:58