SJ WorldNews - шаблон joomla Авто

အမေရိကန်ရေနံဈေး ၁၄ ဒေါ်လာအထက်ကိုပြန်တက်လာ

Thursday, 30 April 2020 09:58 font size decrease font size decrease font size increase font size increase font size

စင်ကာပူ၊ စီးပွားရေး

အမေရိကန် ရေနံဈေးနှုန်းသည် ဧပြီ ၂၉ ရက်တွင် ၁၄ ဒေါ်လာအထက်ကိုပြန်တက်လာ ကြောင်းသိရသည်။ အဆိုပါဈေးနှုန်းသည် ဇွန်လအတွက်ဈေးနှုန်းဖြစ်ပြီး ၁၄ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ကာ ရေနံစိမ်းတစ်စည်လျှင် ၁၄ ဒသမ ၁၃ ဒေါ်လာသို့ ရောက်ရှိလာ ခြင်းဖြစ်သည်။

ကမ္ဘာ့ရေနံဈေးကွက်တွင်မူ ၃ ဒသမ ၂၇ ရာခိုင်နှုန်းမြင့်တက်ပြီး ရေနံစိမ်းတစ်စည်လျှင် ၂၁ ဒသမ ၁၃ ဒေါ်လာပေါက်ဈေးရှိသည်။ ရေနံဈေးများသည် ယခုလအတွင်း သမိုင်းဝင် ကျဆင်းမှု နှင့်တွေ့ကြုံရပြီး အမေရိကန် ရေနံဈေးကွက်ဆိုလျှင် မကြုံစဖူးသုညအောက်အထိ ကျဆင်း သွားခြင်းဖြစ်သည်။

ထိုသို့ရေနံဈေးနှုန်းများ ထူးထူးခြားခြား ကျဆင်းသွားရသည့် အကြောင်းရင်းမှာ ကမ္ဘာ့ကပ် ရောဂါကြောင့် တစ်ကမ္ဘာလုံး၌ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းပြီး ခရီးသွားလာမှုများ မရှိတော့ သည့်အတွက်ဖြစ်သည်။

ကမ္ဘာ့ရေနံတင်ပို့သူများအဖွဲ့က မေ ၁ ရက်မှစ၍ တစ်ရက်တာရေနံထုတ်လုပ်မှုတွင် ရေနံစည် ၁ဝ သန်းလျှော့ချရန် သဘောတူထားသည့်အတွက် ရေနံဈေးကွက်မှာ အနည်းငယ် တည်ငြိမ် လာဖွယ်ရှိကြောင်းသိရသည်။       

Ref: Bangkok Post

Read 54 times Last modified on Thursday, 30 April 2020 09:59