SJ WorldNews - шаблон joomla Авто

ဂျာမနီက သီတင်းပတ်တစ်ပတ်လျှင် လူကိုးသိန်းနီးပါးကို နိုဗယ်ကိုရိုနာဗိုင်းရပ် စစ်ဆေးပေးနိုင်ပြီ

Thursday, 30 April 2020 09:59 font size decrease font size decrease font size increase font size increase font size

ဘာလင်၊ ကျန်းမာရေး

ဂျာမနီနိုင်ငံရှိ ဓာတ်ခွဲခန်းများသည် သီတင်းပတ်တစ်ပတ်လျှင် လူကိုးသိန်းနီးပါးကို စစ်ဆေး ပေးနိုင်ပြီဖြစ်ကြောင်းနှင့် ထိုပမာဏအထိစစ်ဆေးရန် ပစ္စည်းကိရိယာများလည်း စုံလင်ပြီဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီး ယန်းစပန်က ဧပြီ ၂၉ ရက်တွင် ပြောသည်။

ထို့ပြင် ဂျာမနီအစိုးရသည် ကျန်းမာရေးဝန်ထမ်းများတွင် ဗိုင်းရပ်ကူးစက်ခံထားရခြင်း ရှိ၊ မရှိ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးရန် စီစဉ်ထားသည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် လူ ၄၇ဝဝဝဝ ခန့် ကိုဗိုင်းရပ်ကူးစက်ခံရခြင်း ရှိ၊ မရှိစစ်ဆေးပေးနိုင်သည့်အတွက် ဆေးရုံများနှင့် ဘိုးဘွားရိပ်သာ များရှိ ကျန်းမာရေး ဝန်ထမ်းများအကြား ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို တားမြစ်နိုင်မည်ဟု ခန့်မှန်းရ ကြောင်း ယန်းစပန်က ဘာလင်မြို့၌ သတင်းထောက်များကို ပြောသည်။

ဂျာမနီနိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ပွားများမှုနှုန်း သို့မဟုတ် ကူးစက်မှုနှုန်းသည် လက်ရှိတွင် သုညဒသမ ၉ ဝန်းကျင်ရှိသည့်အတွက် ဗိုင်းရပ်ကူးစက်ခံရသူ ၁ဝ ဦးက နောက်ထပ်ကိုးဦးကို ကူးစက်စေမည်ဟု ရောဘတ်ကော့အဖွဲ့က ခန့်မှန်းထားသည်။

ယင်းကဲ့သို့ ကူးစက်မှုနှုန်း ကျဆင်းလာခြင်းကြောင့် တာဝန်ရှိသူများက စာသင်ကျောင်းများနှင့် ဈေးဆိုင်ငယ်များ ပြန်ဖွင့်မှုအပါအဝင် ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးခဲ့သည်။

သို့သော် ဒုတိယအကျော့ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကိုတားဆီးရန် သယ်ယူပို့ဆောင်ရေး နေရာများနှင့်ဈေးဆိုင်များ၌ နှာခေါင်းစည်းတပ်ရန် အပါအဝင် စည်းမျဉ်းအသစ်များကို ချမှတ် ထားကြောင်း သိရသည်။

Ref: The Straits Times

Read 52 times Last modified on Thursday, 30 April 2020 10:00