SJ WorldNews - шаблон joomla Авто

ဗိုင်းရပ်ကူးစက်မှုကြောင့်သေဆုံးသည့် အမေရိကန်နိုင်ငံသားအရေအတွက် ဗီယက်နမ်စစ်ပွဲ အတွင်းသေဆုံးသူထက်ကျော်လွန်

Thursday, 30 April 2020 10:00 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်၊ ကျန်းမာရေး

အမေရိကန်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက်သည် ဗီယက်နမ်စစ်ပွဲအတွင်း သေဆုံးသည့် အမေရိကန်နိုင်ငံသား အရေအတွက်ထက် ကျော်လွန် သွားပြီဖြစ်ကြောင်း သိရသည်။

ဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးသူဦးရေသည် ဧပြီ ၂၈ ရက်တွင် ၅၉ဝဝဝ ကျော်သွားပြီး ဗိုင်းရပ်ကြောင့် တစ်ကမ္ဘာလုံး၌ သေဆုံးသူဦးရေ၏ သုံးပုံတစ်ပုံရှိလာသည်။ ထို့ပြင်  အမေရိ ကန်၌အမှန်တကယ် ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်သည် ထင်မှတ်ထားသည်ထက် ပိုမိုမြင့်တက်နေဖွယ်ရှိပြီး ဆေးစစ်ပေးမည့် ကျွမ်းကျင်ကျန်းမာရေး ဝန်ထမ်းမလုံလောက်မှု ကြောင့် ဗိုင်းရပ်စစ်ဆေးမှုနည်းပါးသည့်အတွက် ဖြစ်နိုင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများ ကပြောသည်။

အမေရိကန်၌ ဗိုင်းရပ်ကူးစက်မှုကြောင့် လူသေဆုံးသူဦးရေသည် သြဂုတ် ၄ ရက်တွင် ၇၄ဝဝဝ ကျော်အထိမြင့်တက်လာနိုင်ကြောင်း ဝါရှင်တန်တက္ကသိုလ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဗိုင်းရပ်ကူးစက်မှုကြောင့် နိုင်ငံအတွင်း အလုပ်လက်မဲ့နှုန်းသည် ယခုလတွင် ၁၆ ရာခိုင်နှုန်း ကျော်ရှိပြီး ပြည်သူအများအပြားသည် နေအိမ်၌သာ နေထိုင်ရန် အစိုးရက ထုတ်ပြန်ထား သည့်ညွှန်ကြားချက်များအပေါ် ကသိကအောက်ဖြစ်နေကြောင်း သမ္မတဒေါ်နယ်ထရမ့်၏ စီးပွားရေး အကြံပေးတစ်ဦးက ခန့်မှန်းထားသည်။

Ref: The Straits Times

Read 59 times Last modified on Thursday, 30 April 2020 10:01