SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယား၌ ပြည်တွင်း နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုမရှိ

Friday, 01 May 2020 10:21 font size decrease font size decrease font size increase font size increase font size

တောင်ကိုရီးယားနိုင်ငံ၌ ဖေဖော်ဝါရီလမှ စ၍ ပထမဆုံးအကြိမ်အဖြစ် ဧပြီ ၃ဝ ရက်တွင်    ပြည်တွင်း နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုမရှိကြောင်း   တောင်ကိုရီးယား ရောဂါကာကွယ် ထိန်းချုပ်ရေးဌာနက ပြောသည်။

နောက်ထပ်တွေ့ရှိသည့် ဗိုင်းရပ်ကူးစက်ခံရသူ လေးဦးသည် ပြည်ပမှ ပြန်လာသူများ ဖြစ်ပြီး နိုင်ငံအတွင်း ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၁ဝ၇၆၅ ဦးရှိလာပြီဖြစ်သည်။ ထို့ပြင် သေဆုံးသူစုစုပေါင်း ၂၄၇ ဦးနှင့် ပြန်လည် သက်သာလာသူ စုစုပေါင်း ၉ဝ၅၉ ဦးရှိကြောင်း သိရသည်။

ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်းအနက် ၁ဝ၆၅ ဦးမှာ ပြည်ပမှ ပြန်လာသူများဖြစ်ပြီး ၉ဝ ရာခိုင်နှုန်းမှာ တောင်ကိုရီးယား နိုင်ငံသားများ ဖြစ်သည်။

ထို့ပြင်   ယခုလအတွင်း ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲမှ နေ၍ ဗိုင်းရပ်ကူးစက်မှုလည်း မရှိကြောင်း၊ ထိုရွေးကောက်ပွဲတွင် မဲပေးသူများ အနေဖြင့် နှာခေါင်းစည်း တပ်ရန်နှင့် မဲပေးစဉ် လက်အိတ်စွပ်ထားရန် အပါအဝင်    တာဝန်ရှိသူများက လုံခြုံစိတ်ချရရေး အစီအစဉ်များကို လုပ်ဆောင်ကြောင်း  ကျန်းမာရေး တာဝန်ရှိသူများက   ပြောသည်။

အဆိုပါရွေးကောက်ပွဲ၌ ပါဝင်မဲပေးသူ စုစုပေါင်း ၂၉ သန်းရှိပြီး ရောဂါပျိုးသည့် ကြာမြင့်ချိန်  ၁၄ ရက် ကြာမြင့်ချိန်အထိ ထိုရွေးကောက်ပွဲနှင့် ဆက်စပ်၍ဗိုင်းရပ် ကူးစက်ခံရသူ မရှိကြောင်း ပြည်သူ့ကျန်းမာရေး မူဝါဒဌာနမှ ညွှန်ကြားရေးမှူးချုပ် ယွန်းတေးဟိုက ပြောသည်။

 

Read 36 times Last modified on Friday, 01 May 2020 10:26