SJ WorldNews - шаблон joomla Авто

ရုရှား၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရသူ တစ်သိန်းကျော်အထိ ရှိလာ

Friday, 01 May 2020 10:30 font size decrease font size decrease font size increase font size increase font size

 

ရုရှားနိုင်ငံ၌ ဧပြီ ၃ဝ ရက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ စံချိန်တင်မြင့်တက်လာပြီးနောက် ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၁ဝ၆၄၉၈ ဦးအထိရှိလာကြောင်း ရုရှားအစိုးရ၏ ကိုရိုနာဗိုင်းရပ်တုံ့ပြန်ကာကွယ်ရေးဌာနက ပြောသည်။

 

ထို့ပြင်  ဗိုင်းရပ်ကူးစက်မှုကြောင့် ၂၄ နာရီအတွင်း   လူ ၁ဝ၁ ဦး သေဆုံးသည့် အတွက် သေဆုံးသူ စုစုပေါင်း ၁ဝ၇၃ ဦး ရှိလာသည်။

 

ယင်းနိုင်ငံ၌  မတ်လနှောင်းပိုင်းမှစ၍ ပြည်သူပိုင်နေရာ အများစုကို ပိတ်ထားကာ တစ်နိုင်ငံလုံးကိုလည်း    အသွားအလာ တားမြစ်ကန့်သတ်ထားသည်။

 

သို့သော် ယခုသီတင်းပတ်တွင်မူ ရုရှားနိုင်ငံ၏ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ အရေအတွက်သည် တရုတ်နှင့် အီရန်နိုင်ငံကို ကျော်တက်သွားပြီဖြစ်သည်။

 

ရုရှားနိုင်ငံအနေဖြင့် ဗိုင်းရပ်ကူးစက်မှု အများဆုံးရှိသော နိုင်ငံစာရင်း ဝင်လာသော်လည်း   ထိုစာရင်းဝင် အခြားနိုင်ငံများ၏ သေဆုံးမှုနှုန်းနှင့် နှိုင်းယှဉ်ပါက အလွန်နည်းကြောင်း သိရသည်။

 

ရုရှား၌ တစ်နိုင်ငံလုံး အသွားအလာ တားမြစ်ကန့်သတ်ထားမှုသည်   သီတင်းပတ် ငါးပတ်မြောက်သို့  ရောက်ရှိလာပြီဖြစ်ပြီး နောက်ထပ် သီတင်းပတ်နှစ်ပတ်အထိ ချမှတ်ထားမည်ဖြစ်ကြောင်းနှင့် ဗိုင်းရပ်ကူးစက် ခံရသူအရေအတွက် ဆက်လက်မြင့်တက် လာနိုင်ကြောင်း သမ္မတ ဗလာဒီမာပူတင်ကပြောထားသည်။

 

Read 37 times Last modified on Friday, 01 May 2020 10:31