SJ WorldNews - шаблон joomla Авто

ဗိုင်းရပ်အသေအမှုန် အမွှားများကြောင့် ဆေးစစ်ချက် ရလဒ် ရှုပ်ထွေးစေနိုင်ဟုဆို

Friday, 01 May 2020 10:49 font size decrease font size decrease font size increase font size increase font size

နိုဗယ်ကိုရိုနာဗိုင်းရပ် အသေအမှုန်အမွှားများကြောင့် ဆေးစစ်ချက်ရလဒ်ကို ရှုပ်ထွေးစေနိုင်ကြောင်း တောင်ကိုရီးယား သိပ္ပံပညာရှင်များက ထုတ်ဖော် ပြောဆိုထားသည်။

နိုဗယ်ကိုရိုနာ ဗိုင်းရပ်သည် အသက်ရှူလမ်းကြောင်းအတွင်း ကူးစက်ပွားများ လာပြီးနောက် သီတင်းပတ် တစ်ပတ်မှ နှစ်ပတ်အတွင်း သေဆုံးနိုင်ကြောင်း ဆိုးမြို့ရှိ အမျိုးသား ဆေးပညာဌာနမှ ဆရာဝန်များက သတင်းထောက်များကို ပြောသည်။

သို့သော် ဗိုင်းရပ်၏ မျိုးရိုးဗီဇပစ္စည်း သို့မဟုတ် RNA သည် ကလာပ်စည်းများအတွင်း တည်ရှိနေဆဲဖြစ်ပြီး ဗိုင်းရပ် ကူးစက်ခံရပြီးနောက် တစ်လ သို့မဟုတ် နှစ်လအတွင်း ကလာပ်စည်းများအတွင်း စစ်ဆေးတွေ့ရှိနေဆဲ ဖြစ်ကြောင်း အဆိုပါ ဆရာဝန်များက ဆက်ပြောသည်။

အချို့ ကိုဗစ်-၁၉ လူနာများသည် ဗိုင်းရပ်ကူးစက်ခံရပြီး တစ်လကျော်ကြာသည်အထိ ခန္ဓာကိုယ်အတွင်း ဗိုင်းရပ် ရှိနေဆဲဖြစ်သည်ဟု ဆေးစစ်ချက် ရလဒ်တွင် ပြသနေဆဲဖြစ်ကြောင်း ကန်ဘာရာမြို့ရှိ သြစတြေးလျ အမျိုးသား ဆေးတက္ကသိုလ်မှ ပါမောက္ခ ပီတာကောလင်းနွန် ကပြောသည်။

ထို့ကြောင့် ဗိုင်းရပ်ကူးစက်မှု ကြာမြင့်ချိန်နှင့် ပတ်သက်၍ ယခုအချိန်အထိ မေးခွန်း ထုတ်နေရဆဲဖြစ်ကြောင်း ၎င်းက တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ပြောသည်။

တောင်ကိုရီးယားနိုင်ငံ၏ ယခုတွေ့ရှိမှုသည် လက်ရှိ မဖြေရှင်းနိုင်သေးသည့် မေးခွန်းများနှင့်  ကိုက်ညီနေကြောင်း၊ သို့သော်  ဗိုင်းရပ်ကူးစက်မှုနှင့် ပတ်သက်၍ မဖြေရှင်းနိုင်သေးသည့် မေးခွန်းများစွာလည်း ရှိနေသေးကြောင်း  ပီတာကောလင်းနွန်က ပြောသည်ဟု  သိရသည်။

 

Read 50 times Last modified on Friday, 01 May 2020 10:50