SJ WorldNews - шаблон joomla Авто

ဂျပန်က အရေးပေါ် အခြေအနေကာလကို သက်တမ်းတိုးမည်

Friday, 01 May 2020 10:54 font size decrease font size decrease font size increase font size increase font size

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအနေဖြင့် နိုဗယ်ကိုရိုနာဗိုင်းရပ် ထိန်းချုပ်ရေးအတွက် ချမှတ်ထားသော တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေကာလကို မေလကုန်အထိ သက်တမ်းတိုးမည့်   အလားအလာရှိနေကြောင်းဒေသတွင်း သတင်းဌာနက  ဧပြီ ၃ဝ ရက်တွင်ပြောသည်။

ထိုအရေးပေါ် အခြေအနေ ကြေညာချက်ကို ဗိုင်းရပ်ကူးစက်မှု မြင့်တက်နေသော ဒေသခုနစ်ခု၌ ဧပြီ ၇ ရက်တွင် ကနဦး ထုတ်ပြန်ထားသော်လည်း နောက်ပိုင်းတွင် တစ်နိုင်ငံလုံးကို  အရေးပေါ် အခြေအနေသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံ၏     ကျန်းမာရေးစနစ်သည် အလွန်ဆိုးဝါးသော အခြေအနေနှင့် ဆက်လက်ရင်ဆိုင်နေရပြီး ယခုလက်ရှိတွင်လည်း   ဗိုင်းရပ်ထပ်မံ ကူးစက်မှုများ ရှိနေကြောင်း အာဘေးက ဧပြီ ၃ဝ ရက်တွင်လွှတ်တော်၌ ပြောသည်။

အစိုးရအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ အပါအဝင်   အရေးပေါ် အခြေအနေနှင့် စပ်လျဉ်း၍ မေ ၁ ရက်တွင် ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ဖွဲ့နှင့် ဆွေးနွေးမည်ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များကလည်း အရေးပေါ် အခြေအနေကာလ သက်တမ်းတိုးမည့် လုပ်ဆောင်မှုကို ထောက်ခံထားကြောင်း Nikkei သတင်းစာက ဖော်ပြထားသည်။

အရေးပေါ် အခြေအနေကာလ သက်တမ်းတိုးမှုကို မည်သည့်အချိန်တွင် ထုတ်ပြန်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း စာသင်ကျောင်းများ အပါအဝင် အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းများကို သင့်လျော်သော အချိန်တွင်ပြန်ဖွင့်ခွင့်ပြုရန် အချိန်မီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အာဘေးက ပြောသည်။ ဧပြီ ၃ဝ ရက်အထိ ဂျပန်၌  နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၁၄ဝဝဝ ခန့်ရှိပြီး သေဆုံးသူ ၄၂၅ ဦးရှိကြောင်း သိရသည်။    

 

Read 46 times Last modified on Friday, 01 May 2020 10:55