SJ WorldNews - шаблон joomla Авто

ဗိုင်းရပ်ကူးစက်မှုကြောင့် အီရန်နိုင်ငံသား ၆ ဒသမ ၄၃ သန်းခန့် အလုပ်လက်မဲ့ ဖြစ်လာနိုင်

Friday, 01 May 2020 10:58 font size decrease font size decrease font size increase font size increase font size

 

အီရန်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် နိုင်ငံသား ၆ ဒသမ ၄၃ သန်းခန့် အလုပ်လက်မဲ့ ဖြစ်လာနိုင်ကြောင်း အီရန်လွှတ်တော် သုတေသနဌာနက ထုတ်ပြန်သည်။

 

ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံအတွင်းရှိ လုပ်သားထု၏၂၅ ရာခိုင်နှုန်း နီးပါးသည် အလုပ်လက်မဲ့ဖြစ်လာနိုင်ပြီး အနည်းဆုံး အသက်မွေးဝမ်းကျောင်း၂ ဒသမ ၈၇ သန်း ဆုံးရှုံးမည်ဖြစ်ကြောင်း အစိုးရက တရားဝင် ထုတ်ပြန်သည့်   အချက်အလက်များကို ကိုးကား၍   သုတေသနဌာနက ဖော်ပြသည်။ ဖေဖော်ဝါရီ ၂ဝ ရက်မှ စတင်သည့်  လေးလပတ်ကာလအတွင်း ရေနံမဟုတ်သော ပို့ကုန်တင်ပို့မှုသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၃ဝ ရာခိုင်နှုန်း ကျဆင်းလာသည်။

 

ထို့ပြင်အမေရိကန်၏  အရေးယူပိတ်ဆို့ခြင်းကို ခံထားရသည့်  အီရန်၏ စီးပွားရေးသည် ၇ ဒသမ ၈ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအကြား ကျဆင်းလာမည်ဟု သုတေသနဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အီရန်အစိုးရသည် နိုင်ငံအတွင်း ဖေဖော်ဝါရီ ၁၉ ရက်တွင် ဗိုင်းရပ်ကြောင့်  လူသေဆုံးမှု စတင်ဖြစ်ပွားပြီးနောက် ဗိုင်းရပ်ထိန်းချုပ်ရေး အတွက် ရုန်းကန်နေရသည်။

 

လက်ရှိတွင်လူပေါင်း ၉၃ဝဝဝ ကျော် ဗိုင်းရပ် ကူးစက်ခံရပြီး လူ ၅ဝဝဝ ကျော် သေဆုံးပြီး ဖြစ်ကြောင်း သိရသည်။

 

Read 51 times Last modified on Friday, 01 May 2020 10:59