SJ WorldNews - шаблон joomla Авто

တရုတ်၌ စာသင်ကျောင်းများနှင့်ရုံးများတွင်ပါ နိုဗယ်ကိုရိုနာဗိုင်းရပ် ရှိ၊ မရှိ စစ်ဆေးပေးလျက်ရှိ

Saturday, 02 May 2020 11:01 font size decrease font size decrease font size increase font size increase font size

ပေကျင်း၊ ကျန်းမာရေး

တရုတ်နိုင်ငံ၌ စာသင်ကျောင်းများနှင့် ရုံးများတွင်ပါ နိုဗယ်ကိုရိုနာဗိုင်းရပ်ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ နည်းပညာကုမ္ပဏီကြီးဖြစ်သော ဆီးနာကုမ္ပဏီသည် ပေကျင်းမြို့ရှိ တို့၏ ရုံး၌အလုပ်သမားများအတွက် နိုဗယ်ကိုရိုနာဗိုင်းရပ်ရှိ၊ မရှိစစ်ဆေးနိုင်သည့် အထူးခန်းတစ်ခန်း ထားရှိထားသည်။ စာသင်ကျောင်းများတွင်မူ ကျောင်းသားများ စာသင်ခန်းများအတွင်းသို့ မဝင်ရောက်မီ သလိပ်နမူနာများယူ၍ စစ်ဆေးခံရသည်။ ထို့ပြင် ခရီးသွားများအနေဖြင့် ပြည်နယ်တစ်ခုမှ တစ်ခုသို့ ခရီးမသွားမီ ထိုကဲ့သို့စစ်ဆေးမှု ခံယူရသည်။

တရုတ်နိုင်ငံ၌ ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ပြီးနောက် ပုံမှန် သွားလာလှုပ်ရှားမှုများကို ပြန်လည်စတင်နေပြီဖြစ်သည်။ အစိုးရက နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူး စက်မှုနှင့် ပတ်သက်၍ စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းထားသဖြင့် စစ်ဆေးရေး ကိရိယာများလိုအပ်မှုကို ဇီဝနည်းပညာကုမ္ပဏီများက ဖြည့်တင်းပေးသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်ရှိ၊ မရှိစစ်ဆေးမှုကို ဧပြီလလယ်ပိုင်းတွင်စတင်ပြီး ထိုဝန်ဆောင်မှု စတင် ချိန်မှယနေ့အထိ စစ်ဆေးမှုသုံးသိန်းကျော် ပြုလုပ်ပြီးဖြစ်ကြောင်း ဂျေဒီကုမ္ပဏီက ပြောသည်။  ဆီးနာကုမ္ပဏီမှ ဝန်ထမ်းများအနေဖြင့် တို့စစ်ဆေးလိုသည့် မည်သည့်အချိန်တွင်မဆို စစ်ဆေးနိုင်ကြောင်း သိရသည်။

Ref: Bangkok Post

Read 55 times Last modified on Saturday, 02 May 2020 11:03