SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ်ကို ဓာတ်ခွဲခန်း၌ဖန်တီးသည့် အထောက်အထားမရှိဟု သြစတြေးလျ ဝန်ကြီးချုပ်ပြော

Saturday, 02 May 2020 11:03 font size decrease font size decrease font size increase font size increase font size

ဆစ်ဒနီ၊ ကျန်းမာရေး

နိုဗယ်ကိုရိုနာဗိုင်းရပ်သည် တရုတ်နိုင်ငံဝူဟန်မြို့ရှိ ရောဂါပိုးမွှားဆိုင်ရာ ဓာတ်ခွဲခန်း၌ဖန်တီး ထားသော လူလုပ်ဗိုင်းရပ်ဖြစ်သည်ဟူသည့် သက်သေအထောက်အထားမရှိကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောသည်။

ထိုဗိုင်းရပ်သည် တရုတ်တို့တီထွင်ထားသော လူလုပ်ဗိုင်းရပ်ဖြစ်သည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၃ဝ ရက်တွင် သက်သေမပြနိုင်ဘဲ အခိုင်အမာပြော ဆိုထားသည်။

သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က အနေဖြင့် ထရမ့်၏အဆိုကို ထောက်ခံရန် သက်သေမရှိကြောင်း၊ သို့သော်အဆိုပါဗိုင်းရပ်သည် မည်ကဲ့သို့စတင်ဖြစ်ပေါ်လာကာ ကမ္ဘာ တစ်ဝန်း၌ မည်ကဲ့သို့ပျံ့နှံ့သွားသည်ကို စုံစမ်းဖော်ထုတ်ရန် ထောက်ခံသည်ဟု ဆိုသည်။

အဆိုပါဗိုင်းရပ်ကို တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ အသား၊ ငါးဈေးမှစတင်တွေ့ရှိသည်ဟု ကမ္ဘာ တစ်ဝန်းက သိရှိထားသော်လည်း အကဲဖြတ်ရုံသာ တတ်နိုင်သည့်အခြေအနေဖြစ်ကြောင်း က ဆက်ပြောသည်။

အဆိုပါ နိုဗယ်ကိုရိုနာဗိုင်းရပ်သည် လင်းနို့၊ သင်းခွေချပ် အစရှိသောတိရစ္ဆာန်များမှ ဆင်းသက် လာခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင်အများစုက ယူဆထားကြောင်း သိရသည်။

Ref: The Straits Times

Read 53 times Last modified on Saturday, 02 May 2020 11:04