SJ WorldNews - шаблон joomla Авто

ဗြိတိန် ဒိန်းမတ် ဆွီဒင်နှင့် အိုင်ယာလန်နိုင်ငံရောက် နေရပ်ပြန်မြန်မာနိုင်ငံသားများကို မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် ပြန်လည်ခေါ်ဆောင်မည်

Saturday, 02 May 2020 11:05 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ လူမှုရေး

COVID-19 ရောဂါပြန့်ပွားမှုထိန်းချုပ် ကာကွယ်ရေး စီမံချက်များကြောင့် ဗြိတိန်၊ ဒိန်းမတ်၊ ဆွီဒင်နှင့် အိုင်ယာလန်နိုင်ငံတို့၌ ရောက်ရှိနေပြီး ဆက်လက်နေထိုင်ရန် အမှန်တကယ် အခက် အခဲတွေ့ကြုံနေရသည့် မြန်မာနိုင်ငံသားများကို သတ်မှတ်ဆုံရပ်ဖြစ်သည့် စင်ကာပူနှင့် ထိုင်း နိုင်ငံတို့မှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ကယ်ဆယ်ရေး လေယာဉ်ဖြင့် ခေါ်ဆောင်နိုင်ရေးအတွက် မြန်မာသံရုံးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယင်းစီစဉ်ဆောင်ရွက်မှုတွင် ကယ်ဆယ်ရေးလေယာဉ်ဖြင့် သတ်မှတ်ဆုံရပ်ဖြစ်သည့် စင်ကာပူ နှင့်ထိုင်းနိုင်ငံတို့သို့ သွားရောက် ခေါ်ဆောင်မည့်ခရီးစရိတ်ကို နိုင်ငံတော်မှ အကုန်အကျခံ မည်ဖြစ်ပြီး အဆိုပါနိုင်ငံများမှ မြန်မာနိုင်ငံသို့ အပြန်လမ်းကြောင်း ခရီးစရိတ်အတွက် လိုက်ပါ မည့်ခရီးသည်များက ကျခံရမည်ဖြစ်သည်။

နေရပ်ပြန် မြန်မာနိုင်ငံသားများကို ပြန်လည်ထွက်ခွာလိုကြောင်း သံရုံးသို့ အမည်စာရင်း ပေး သွင်းထားသည့် ခရီးသည် အရေအတွက်ပေါ်မူတည်၍ မေလအတွင်း MNA ဖြင့် ခေါ်ယူနိုင် ရေးအတွက် စီစဉ်ဆောင်ရွက်ထားပြီး လေယာဉ်ပျံသန်းမည့်ရက်ကို ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ဆက်လက် အသိပေးကြေညာမည် ဖြစ်သည်။

ဗြိတိန်၊ ဒိန်းမတ်၊ ဆွီဒင်နှင့် အိုင်ယာလန် နိုင်ငံတို့၌ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် လန်ဒန်မြို့ရှိ မြန်မာသံရုံး အီးမေးလ် consular@ londonmyanmarembassy.Com သို့ အမည် (မြန်မာ၊အင်္ဂလိပ်နှစ်ဘာသာဖြင့်)၊ မြန်မာနိုင်ငံကူး လက်မှတ်အမှတ်နှင့် ထုတ်ပေးသည့် ရက်စွဲ(မိတ္တူပူးတွဲ)၊ ပြန်လည်ထွက်ခွာ လိုသည့် အကြောင်းရင်း၊  ဆက်သွယ်ရန်ဖုန်းနံပါတ်၊ အီးမေးလ်တို့ကို ဆောလျင်စွာပေးပို့ကြရ မည်ဖြစ်သည်။ လေယာဉ်လက်မှတ်ဝယ်ယူ နိုင်ရေးအတွက် စီးနင်းလိုက်ပါမည့်သူများ ကိုယ် တိုင် (MNA)သို့ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလေယာဉ်ဖြင့် လိုက်ပါမည့်သူ အားလုံးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် Community based Facility Quarantine ၂၁ ရက်နှင့် Home Quarantine ခုနစ်ရက် စုစုပေါင်း ၂၈ ရက် ကို မပျက်မကွက်လိုက်နာ နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

Read 58 times Last modified on Saturday, 02 May 2020 11:07