SJ WorldNews - шаблон joomla Авто

အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာနက ရမ်ဒက်စဗီယာကို အရေးပေါ်သုံးကုသဆေးအဖြစ်အတည်ပြု

Sunday, 03 May 2020 10:52 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်၊ ကျန်းမာရေး

နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူများကိုကုသရန် ရမ်ဒက်စဗီယာဆေးကို အရေးပေါ်သုံးကုသဆေးအဖြစ် အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာနက အတည်ပြုလိုက်ကြောင်း  သမ်္မတ  ဒေါ်နယ်ထရမ့်က မေ ၁ ရက်တွင်ပြောသည်။

ဂေလီယတ် ကုမဏီ ထုတ် ရမ်ဒက်စဗီယာကို အရေးပေါ်သုံးကုသဆေးအဖြစ်သတ်မှတ်ခြင်းသည် ဗိုင်းရပ်ကူး စက်ခံရသည့် လူနာများကိုကုသရာတွင် အရေးပါသော ပထမခြေလှမ်းဖြစ်ကြောင်းနှင့် ဆေးပုလင်းတစ်သန်းခွဲ လှူဒါန်းမည်ဖြစ်ကြောင်း ထို ကုမဏီ  က ထုတ်ပြန်ထားသည်။

ရမ်ဒက်စဗီယာဆေးဖြင့်   စမ်းသပ်ကုသမှုသည်  တိုးတက်မှုများရရှိထားကြောင်းနှင့် ဗိုင်းရပ်ကူးစက်ခံရ သည့် အစောပိုင်း ကာလတွင်သာ ထိုဆေးဖြင့်ကုသမှု ခံယူပါက  ပိုမိုအစွမ်းထက်မည်ဖြစ်ကြောင်း အဆိုပါ ကုမဏီ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုကိုကုသရန်ဆေးဝါးမရှိ သေးသောကြောင့် ရမ်ဒက်စဗီယာဆေးကို  နိုင်ငံအများ အပြားက စိတ်ဝင်စားနေပြီး အမှန်တကယ် ထိရောက်မှုရှိ၊ မရှိကိုစိတ်ဝင်တစားစောင့်ကြည့်လျက် ရှိသည်။

သို့သော် ရမ်ဒက်စဗီယာ ဆေးသည် ဗိုင်းရပ်ကူးစက် ခံရသူ၏အခြေအနေကို  တိုးတက်ကောင်းမွန်စေရန်  လုပ်ဆောင် နိုင်ခြင်း မရှိဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်ထားသည်။

အီဘိုလာရောဂါကုသဆေး အဖြစ် ကနဦးတီထွင် ထားသည့် ရမ်ဒက်စဗီယာသည် ထိုရောဂါ ကုသရေး အတွက်  စမ်းသပ် မှုတွင် အောင်မြင်မှု မရထားကြောင်း သိရသည်။

Read 95 times Last modified on Sunday, 03 May 2020 10:53