SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင်၌ အကျဉ်းသား ၁၀၀၀၀ နီးပါးကို ပြန်လွှတ်ပေး

Sunday, 03 May 2020 10:53 font size decrease font size decrease font size increase font size increase font size

မနီလာ၊ ကျန်းမာရေး

ဖိလစ်ပိုင်နိုင်ငံရှိ လူဦးရေ များပြားလွန်းသော အကျဉ်းထောင်များ၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင် ရန် ရည်ရွယ်၍ အကျဉ်းသား ၁၀၀၀၀ နီးပါးကို ပြန်လွှတ် ပေးလိုက်ကြောင်း တရားလွှတ်တော် ချုပ်က မေ ၂ ရက်တွင်ပြောသည်။

အာမခံမရနိုင်ဘဲ အကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသည့် တရားရင်ဆိုင်နေဆဲသူ များကိုလွှတ်ပေးရန် တရားလွှတ် တော်ချုပ်က အောက်တရားရုံးများကို ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့လွှတ်ပေးခြင်း ဖြစ်ကြောင်း တွဲဖက်တရားသူကြီး မာရီယို ဗစ်တာ လီယိုနန်က သတင်းထောက်များကို ပြောသည်။

ကမ္ဘာတစ်ဝန်း၌   နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုဖြစ်ပွားပြီးနောက် လူဦးရေများ ပြားသည့်အကျဉ်းထောင်များမှာ ဗိုင်းရပ် ကူးစက်ခံရနိုင်ခြေ အများဆုံးနေရာများဖြစ်သည်။

အကျဉ်းထောင်အတွင်း၌   တစ်ဦးနှင့် တစ်ဦး ထိတွေ့ဆက်ဆံမှုမရှိစေရန်မည်သို့မျှ မလုပ်နိုင်သည့်အတွက် ထိုအခြေ အနေ ကိုတွက်ဆပြီး အကျဉ်းသား ၉၇၃၁ ဦးကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အဆိုပါ တွဲဖက်တရားသူကြီးက ပြောသည်။

ဖိလစ်ပိုင်နိုင်ငံရှိအကျဉ်းထောင်အချို့၌  ဗိုင်းရပ်ကူးစက်မှုများရှိနေပြီး ဗိုင်းရပ်ကူးစက်မှုအများဆုံးမှာ စီဘူးကျွန်းရှိ အကျဉ်း ထောင်နှစ်ခုဖြစ်ကာ မေ ၁ ရက်အထိဗိုင်းရပ် ကူးစက်ခံရသူ  ၃၄၈  ဦးရှိကြောင်း  သိရသည်။

Read 58 times Last modified on Sunday, 03 May 2020 10:56