SJ WorldNews - шаблон joomla Авто

ရုရှား၌ တစ်ရက်တည်းမှာပင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ တစ်သောင်းနီးပါးရှိ

Sunday, 03 May 2020 10:54 font size decrease font size decrease font size increase font size increase font size

မော်စကို၊ ကျန်းမာရေး

ရုရှားနိုင်ငံ်၌ မေ ၂ ရက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၉၆၂၃ ဦးရှိပြီး တစ်ရက်တည်းမှာပင် ကူးစက်မှု အမြင့်ဆုံး အဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံသည် ယခုသီတင်းပတ်တွင် တရုတ်၊ တူရကီနှင့် အီရန်နိုင်ငံတို့ကိုကျော် လွန်၍ သတ်္တမမြောက် ဗိုင်းရပ် ကူးစက်မှု အများဆုံးနိုင်ငံဖြစ်လာသည်။ ထို့ပြင် နိုင်ငံ အတွင်းသေဆုံးသူစုစုပေါင်း ၁၂၂၂ ဦးအထိ ရှိလာကြောင်း သိရသည်။

ရုရှားဝန်ကြီးချုပ်  မီခေးမီရှက် စတင်သည် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရကြောင်း ဧပြီ ၃၀ ရက်တွင် ကြေညာ ပြီး နောက် ၎င်းင်းသည် နိုင်ငံအတွင်း ဗိုင်းရပ်ကူးစက်ခံရသည့် ထိပ်တန်းပုဂ်္ဂိုလ်ဖြစ်လာသည်။

ရုရှားနိုင်ငံသည် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုအမြင့်ဆုံးနှင့် မကြုံတွေ့ရသေး သော်လည်း လာမည့် သီတင်းပတ် နှစ်ပတ်တွင် အသွားအလာ တားမြစ်ကန့်သတ်မှု ကိုဖြေလျှော့ပေးနိုင်တော့မည်ဖြစ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင် က ပြောသည်။

နေ့စဉ် ဗိုင်းရပ်ကူးစက် ခံရသူအရေအတွက် ထောင်နှင့်ချီ တိုးမြင့်လာသည်နှင့်အမျှ ပူတင်က တစ်နိုင်ငံလုံး အလုပ် မလုပ်ရမည့် ကာလကို မေ ၁၁ ရက်အထိတိုးမြှင့်ထားသည်။

မေ ၁၁ ရက်နောက်ပိုင်းတွင် သီးသန့် ခွဲခြားစောင့်ကြည့်မှုကို တဖြည်းဖြည်း ရုပ်သိမ်းပေးရေး ပြင်ဆင်ထားရန် ပူတင် က တာဝန်ရှိသူများကို ညွှန်ကြားထားသည်။

Read 56 times Last modified on Sunday, 03 May 2020 10:55