SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပွဲ ထိခိုက်နိုင်ကြောင်း အိုလ်ဆင်ပြော ဘောလုံးပြက္ခဒိန် နှစ်နှစ်မှ သုံးနှစ်အ ထိ ကမောက်ကမ ဖြစ်ဖွယ်ရှိနေ

Sunday, 03 May 2020 11:37 font size decrease font size decrease font size increase font size increase font size

နိုင်ယွန်၊ ဘောလုံး

လက်ရှိအချိန်အထိ ကမ်္ဘာတစ်ဝန်းပျံ့နှံ့နေသော COVID-19 ရောဂါကြောင့် ဘောလုံးလောက တစ်ခုလုံး ကမောက်က မဖြစ်နေရာ ထိုကမောက် ကမများသည် နောက်လာမည့် ဘောလုံးပြက္ခဒိန် နှစ်နှစ်မှ  သုံးနှစ်အထိ ဆက်လက် သက်ရောက် နိုင်သဖြင့် ၂၀၂၂ ကာတာကမ်္ဘာ့ဖလားပြိုင်ပွဲကိုပင် ထိခိုက်စေနိုင်ကြောင်း  ဖီဖာပရော်ဖက်ရှင်နယ် ဘောလုံး သမားများ အစည်းအရုံး  အထွေထွေ အတွင်းရေးမှူး ခရ္စတာ အိုလ်ဆင်က ၀န်ခံပြော သည်။

ယူအီးအက်ဖ်အေ  အမှုဆောင်တစ်ဦးဖြစ် သော  အိုလ်ဆင်က  ဘောလုံးပွဲများပြန်လည် ကစားနိုင်ရန်  လက်ရှိအထိ မေးခွန်းပေါင်းများစွာ ရှိနေပြီး   အဖြေမရှိသော  အနေအထားဖြစ်နေ သည့်အတွက် အကျိုးသက်ရောက်မှုများသည် နောက်နှစ်နှစ်၊ သုံးနှစ်အထိ ရှိမည်ဖြစ်၍ ၂၀၂၂ ဆောင်းရာသီတွင်  ကျင်းပရမည့်  ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲသည်လည်း ဥရောပလိဂ်ပြိုင်ပွဲများ ရာသီဝက်ကာလတွင်    ကစားခြင်းဖြစ်သောကြောင့်   ပိုမိုထိခိုက်နိုင်ခြင်း ဖြစ်ကြောင်း ပြောသည်။

ဥရောပလိဂ်များအဖွဲ့ချုပ် ဥက  အိုလ်ဆင်က  ““တကယ်လို့ ရောဂါကူးစက်မှုက  ပိုပြီးဆိုးလာ မယ်ဆိုရင်  အချိန်တွေ အများကြီး ထပ်ယူရမယ်။ ဒီလိုဆိုရင် နိုင်ငံတကာဘောလုံးပွဲတွေရဲ့ ပြက္ခဒိန် ကိုလည်း   ပြဿနာ ဖြစ် စေမယ်။ ပြိုင်ပွဲတချို့က တစ်နှစ်ပြီးတစ်နှစ် နောက်ဆုတ်ရတာလည်းဖြစ် လာနိုင်တယ်။    ကာတာ ကမ္ဘာ့ ဖလားပြိုင်ပွဲ က ဥရောပလိဂ်ရာသီတွေရဲ့  တစ်ဝက်အချိန် ဆောင်း ရာသီမှာကစားရမှာဖြစ်လို့ ပြည်တွင်း လိဂ်ပွဲတွေနဲ့   နိုင်ငံ တကာ ပွဲတွေကို   ဖျစ်ညှစ်ပြီး ကစားရ တာတွေဖြစ်လာမယ်။   ဒါပေမဲ့  ကျွန်တော်တို့ တတ်နိုင် တာက  ဒီပြဿ နာနဲ့   ဘောလုံး စီးပွားရေး အဆောက်အအုံက  ဘယ်လောက် အကျိုးသက် ရောက်မှုတွေဖြစ်မလဲဆိုတာ   စောင့်ကြည့် ဖို့ပဲ ရှိတယ်”” ဟု ပြောသည်။

၂၀၂၂  ကာတာ ကမ္ဘာ့ ဖလားပြိုင်ပွဲသည် နိုဝင်ဘာ ၂၁ ရက်မှ  ဒီဇင်ဘာ ၁၈ ရက်အထိ ကစားရမည်ဖြစ်သည်။ အိုလ်ဆင် က လက်ရှိတွင် မိမိတို့အနေဖြင့် လက်ကျန်ချန်ပီယံလိဂ်ပွဲများနှင့် ယူရိုပါလိဂ်ပွဲများကို သြဂုတ်လအတွင်း ပြန်ကစားနိုင်ရန် စီစဉ်ထားကြောင်း ပြောသည်။

““တကယ်လို့ သြဂုတ်လအတွင်း  ပြန်ကစား နိုင်ခဲ့မယ်ဆိုရင် အဆင်ပြေသွားမှာပါ။ ဒါပေမဲ့ သြဂုတ် လအတွင်း ပြန်ကစား နိုင်ဖို့အရေးကို မေလကုန် လောက်မှာ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ် နိုင်ဖို့လည်း မဖြစ်မနေလို အပ်တယ်။ နောက်ရာသီသစ်မှာ ဘယ်ကလပ်အသင်းတွေ ဥရောပပြိုင်ပွဲခြေစစ်ပွဲ အောင်မလဲ ဆိုတာလည်း  အဖြေ ထုတ်နိုင်ဖို့လို တာကြောင့်ပါ”” ဟု အိုလ်ဆင်ကပြောသည်။

Read 61 times Last modified on Sunday, 03 May 2020 11:38