SJ WorldNews - шаблон joomla Авто

ကိုဗစ်-၁၉ လူနာတွေကိုကုသပေးနိုင်မယ့် ကိုယ်တွင်းပိုးသတ်ဆေးတစ်မျိုး

Monday, 04 May 2020 10:04 font size decrease font size decrease font size increase font size increase font size

အဆုတ်ကူးစက်ရောဂါတွေကို တိုက်ဖျက်ဖို့အတွက် ထုတ်လုပ်ထားတဲ့ ကိုယ်တွင်းပိုးသတ် ဆေးအသစ်တစ်မျိုးက အသက်ရှူစက်တပ်ဖို့ လိုအပ်ပြီး အဆုတ်ရောင်ဝေဒနာ ခံစားနေရတဲ့ ကိုဗစ်-၁၉ လူနာတွေကို ကုသနိုင်ဖွယ်ရှိတယ်လို့ သုတေသနတစ်ခုက ထုတ်ပြန်ထားပါတယ်။

အဲဒီကိုယ်တွင်းပိုးသတ်ဆေးအသစ်ရဲ့နာမည်ကတော့ eCAP လို့ခေါ်ပါတယ်။ eCAP ဟာ ဗက်တီးရီးယားထဲကို ထိုးဖောက်ဝင်ရောက်ပြီး အဲဒီဗက်တီးရီးယားကို ချေမှုန်းတာဖြစ်ပါတယ်။ ဒီဆေးဟာ ဓာတ်ခွဲခန်းအတွင်းမှာ မွေးမြူထားတဲ့ ကြွက်နဲ့လူသားကလာပ်စည်းတွေမှာဖြစ်ပေါ် တဲ့ ပြင်းထန်အဆုတ်ကူးစက်ရောဂါတွေကို အောင်မြင်စွာတိုက်ဖျက်နိုင်တယ်ဆိုတာ သုတေသီ တွေက တွေ့ထားပါတယ်။

ဒါ့အပြင် ဒီဆေးဟာ မျိုးရိုးဗီဇကြောင့်အသက်ရှူ လမ်းကြောင်းပိတ်တဲ့ ရောဂါခံစားရသူတွေကို လည်း ကယ်တင်နိုင်မယ်လို့ဆိုပါတယ်။ ဒါကြောင့် eCAP ဟာ ကိုဗစ်-၁၉  ရောဂါခံစားနေရတဲ့ လူနာတွေကို သေဆုံးမှုနှုန်း လျှော့ချပေးနိုင်ဖွယ်ရှိတယ်ဆိုပြီး ပန်ဆယ်ဗေးနီးယားပြည်နယ်ရှိ ပစ္စဘာ့တက္ကသိုလ်မှ သုတေသီတွေက ဖော်ပြထားပါတယ်။        

နွေဦး

Read 38 times Last modified on Monday, 04 May 2020 10:06