SJ WorldNews - шаблон joomla Авто

ဗိုင်းရပ်မှန်သမျှကိုသတ်ပေးမယ့်ကားများ

Monday, 04 May 2020 10:06 font size decrease font size decrease font size increase font size increase font size

တရုတ်မော်တော်ကား ထုတ်လုပ်သူတချို့က နိုဗယ်ကိုရိုနာဗိုင်းရပ် အပါအဝင် တခြားဗိုင်းရပ် တွေနဲ့ ဗက်တီးရီးယားတွေကူးစက်ပျံ့နှံ့မှုကို လျှော့ချနိုင်မယ့် လုပ်ဆောင်ချက်တွေပါဝင်မယ့် ကားဒီဇိုင်း အသစ်တွေကို ထုတ်ဖော်ပြသလိုက်ပါတယ်။ မော်တော်ကားကို လိုက်ပါစီးနင်းသူ တွေနဲ့ မောင်းနှင်သူတွေအနေနဲ့ ဗိုင်းရပ်နဲ့ဗက်တီးရီးယားတွေကူးစက်ခြင်း မခံရလေအောင်  အမေရိကန် ဒေါ်လာ ၄၂ သန်းတန် စီမံကိန်းကို ဂီးလီကုမ္ပဏီက စတင်လိုက်ပါတယ်။  ဒီစီမံကိန်းအရ မော်တော်ကားထဲမှာ အဓိကပါမှာက ဂျီကလင်းလေသန့်စင်စနစ် ဖြစ်ပါတယ်။ ဒီစနစ်ဟာ ဆေးရုံ၊ ဆေးခန်းသုံး နှာခေါင်းစည်းလိုမျိုး အထူးသန့်စင်ထားတဲ့ လေကိုသာ ကား အတွင်းခန်းထဲကို ပျံ့နှံ့စေတာပါ။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိ စေပြီး ဗိုင်းရပ်များ၊ ဗက်တီးရီးယားများ မတွယ်ကပ်နိုင်တဲ့ ပစ္စည်းတွေကိုလည်း ထပ်မံထုတ် လုပ်သွားဦးမယ်လို့ ဆိုပါတယ်။ လူတွေဟာ ကားကို ဒုတိယအိမ်လိုမျိုး သဘောထားပြီး ကားထဲမှာပဲ အချိန်အများစုကို ကုန်ဆုံးနေရတာကြောင့် အခုလိုစီမံကိန်းကို ဖော်ဆောင်ရခြင်း ဖြစ်တယ်လို့ ဂီးလီကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဂီးလီကုမ္ပဏီအပြင် SAIC ကုမ္ပဏီကလည်း သူတို့ထုတ်တဲ့ကားရဲ့ လေအေးထွက်ပေါက်မှာ  ခရမ်းလွန် ရောင်ခြည်ထုတ်ပေးတဲ့ မီးလုံးတွေတပ်ပေးပို့ စီစဉ်နေပါတယ်။ ဒီမီးလုံးတွေဟာ ကားအတွင်းခန်းမှာရှိတဲ့ လေထုထဲက ဗက်တီးရီးယားတွေကို သတ်ပေးနိုင်ပါတယ်။

ကွမ်ကျိုးမြို့အခြေစိုက် GAC ကုမ္ပဏီက ဗိုင်းရပ်နဲ့ဗက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိတဲ့ လေသန့်စင်စနစ်ကိုလည်း မိတ်ဆက်ထားပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ တရုတ် နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ပိုင်းကတည်းကစပြီး ရေပန်းစားလာတာပါ။ ၂ဝ၁၅ ခုနှစ်မှာဆိုရင်   တက်စလာ ကုမ္ပဏီက ဇီဝလက်နက်ကာကွယ်ရေး အခြေအနေကို သူတို့ထုတ်တဲ့ကားတွေမှာ ထည့်ပေးဖို့ လုပ်ဆောင်လာပါတယ်။

အဲဒီအခြေအနေမှာဆိုရင် အသေးစိတ် လုပ်ဆောင်ထားတဲ့ လေသန့်စင်စနစ်ပါဝင်ပြီး အမှုန် တွေ၊ ဓာတ်ငွေ့တွေကနေထွက်တဲ့ ညစ်ညမ်းမှုတွေ၊ ဗက်တီးရီးယားများ၊ ဗိုင်းရပ်များ၊  ဝတ်မှုန် များ စတာတွေကို ၉၉  ဒသမ  ၉၇  ရာခိုင်နှုန်းအထိ စစ်ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ အခုလိုကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်မှာ ကုမ္ပဏီတွေက ဒါကိုအခွင့်ကောင်းယူပြီး     သူတို့ရဲ့ထုတ်ကုန်တွေကို အမွှမ်းတင်ရောင်းချမှုတွေ လုပ်လာတဲ့အတွက် အထူးသဖြင့်     နိုဗယ်ကိုရိုနာဗိုင်းရပ်ကို စစ်ထုတ်ပေးနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဝယ်ယူသူ တွေအနေနဲ့သတိထားဖို့ လေ့လာသူတချို့က သတိပေးထားပါတယ်။  

နွေဦး

Read 40 times Last modified on Monday, 04 May 2020 10:08