SJ WorldNews - шаблон joomla Авто

အိန္ဒိယတပ်မတော်က လေယာဉ်များပျံသန်းပြီး ကျန်းမာရေး ဝန်ထမ်းများကိုဂုဏ်ပြု

Monday, 04 May 2020 10:08 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ၊ ပြည်တွင်းရေး

အိန္ဒိယတပ်မတော်က နိုဗယ်ကိုရိုနာ ဗိုင်းရပ်တိုက်ဖျက်ရေးရှေ့တန်း၌ ပါဝင်နေသော   ကျန်းမာရေးဝန်ထမ်းများနှင့်အမှုထမ်းများကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း ပြသမှု၏တစ်စိတ် တစ်ပိုင်းအဖြစ် လေတပ်မှလေယာဉ်များက မေ ၃ ရက်တွင် မြို့များအပေါ်၌ အနိမ့်ပျံသန်း သည်။

နိုင်ငံတောင်ပိုင်း ဘန်ဂါလူရူမြို့၌ ရဟတ်ယာဉ်တစ်စင်းသည် ဗစ်တိုးရီးယား ဆေးရုံအပေါ် ပန်းများကြဲချရာ ဆေးရုံဝတ်ရုံများနှင့် နှာခေါင်းစည်းများ တပ်ထားသော ဆရာဝန်များနှင့်   ကျန်းမာရေးဝန်ထမ်းများက လက်ခုပ်သြဘာပေးကြောင်းနှင့် စစ်တီးဝိုင်းအဖွဲ့ကလည်း တီးမှုတ် ဖျော်ဖြေကြောင်း သိရသည်။

မွမ်ဘိုင်းမြို့တော်တွင်လည်း လေယာဉ်များက နာမည်ကျော် မရိန်းဒရိုက်လမ်း၌ ပျံသန်းစဉ် ဒေသခံများက လသာဆောင်များမှ ထွက်ကြည့်သည်ကို ဒေသတွင်း ရုပ်မြင်သံကြားဌာနက   ဖော်ပြထားသည်။

မေ ၃ ရက်နှောင်းပိုင်းတွင်မူ ရေတပ်နှင့်ကမ်းခြေစောင့် တပ်ဖွဲ့ကလည်း အိန္ဒိယကမ်းရိုးတန်း ဒေသရှိနေရာ ၃ဝ ကျော်၌ သင်္ဘောများကို တန်းစီရပ်နားပြီး အချို့သင်္ဘောများက မီးကြီးများ ထွန်းခြင်းနှင့် အချက်ပြမီးများ ပစ်လွှတ်ခြင်းကို လုပ်ဆောင်သည်။

အိန္ဒိယနိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် တစ်နိုင်ငံလုံးကို သီတင်း ပတ်များစွာကြာ အသွားအလာ တားမြစ်ကန့်သတ်ထားသော်လည်း ဗိုင်းရပ်ကူးစက်ခံရသူ ၄ဝဝဝဝ နီးပါးနှင့် သေဆုံးသူ ၁၃ဝဝ ကျော်ရှိကြောင်း သိရသည်။

Ref: The Straits Times

Read 52 times Last modified on Monday, 04 May 2020 10:10