SJ WorldNews - шаблон joomla Авто

ကိုရီးယားနှစ်နိုင်ငံနယ်စပ်၌ ပစ်ခတ်မှုများဖြစ်ပွား

Monday, 04 May 2020 10:10 font size decrease font size decrease font size increase font size increase font size

ဆိုး၊ စစ်ရေး

ကိုရီးယားနှစ်နိုင်ငံ နယ်စပ်စစ်မဲ့ဇုန်၏ တောင်ကိုရီးယားဘက်ခြမ်းရှိ ကင်းစခန်းတစ်ခုဝန်းကျင်၌ မြောက်ကိုရီးယားဘက်နှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။

မေ ၃ ရက် ဒေသစံတော်ချိန် ၇ နာရီ ၄၁မိနစ်တွင်မြောက်ကိုရီးယားဘက်က တောင်ကိုရီးယား ဘက်ခြမ်းရှိ ကင်းစခန်းတစ်ခုကို ပစ်ခတ်မှုများလုပ်ကြောင်းနှင့် တောင်ကိုရီးယားဘက်က မြောက်ကိုရီးယားဘက်သို့ ကျည်ဆန်နှစ်တောင့်သာ ပြန်ပစ်လိုက်ကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ထားသည်။

သို့သော် မြောက်ကိုရီးယားဘက်က ပစ်ခတ်မှုသည် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်း မဟုတ် ကြောင်း တောင်ကိုရီးယား စစ်ဘက်ကပြောသည်ဟု Yonhap သတင်းဌာနက ဖော်ပြသည်။

ယခုအခါ နှစ်နိုင်ငံစစ်ဘက်များ အနေဖြင့် စစ်ဘက်ဆက်သွယ်လိုင်းမှတစ်ဆင့် ဆက်သွယ် ဆွေးနွေးမှုများလုပ်နေကြောင်း အဆိုပါသတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က လူမြင်ကွင်းမှ သီတင်းပတ်သုံးပတ်ကြာပျောက် နေပြီးနောက် ပြန်ပေါ်လာပြီး နောက်တစ်နေ့တွင် အဆိုပါပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်။

၂ဝ၁၄ ခုနှစ်ကလည်း ကင်ဂျုံအွန်သည် လူမြင်ကွင်းမှ တစ်လကျော်ကြာပျောက်သွားပြီးနောက် ပြန်ပေါ်လာချိန်တွင် အလားတူ ပစ်ခတ်မှုမျိုးဖြစ်ပွားကြောင်း သိရသည်။

Ref: Yonhap

Read 49 times Last modified on Monday, 04 May 2020 10:12