SJ WorldNews - шаблон joomla Авто

ပထမအဆင့်အနေဖြင့် ကန့်သတ်ချက်များဖြေလျှော့၍ စီးပွားရေးလုပ်ငန်းများကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုသည့်ထိုင်း

Monday, 04 May 2020 10:13 font size decrease font size decrease font size increase font size increase font size

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံရသူအရေအတွက် ကျဆင်းလာပြီးနောက် အစိုးရက နိုင်ငံအတွင်း ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးပြီး စီးပွားရေးလုပ်ငန်းများ အား ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်သည်ကို တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည့် စီးပွားရေးလုပ်ငန်းများတွင် လဟာပြင်ဈေးများ၊ အသေးစား ကုန်စုံ ဆိုင်များ၊ လမ်းမကြီးများပေါ်၌ တည်ခင်းရောင်းချသည့် ဈေးဆိုင်များ၊ ဈေးဝယ်စင်တာများ၏ ပြင်ပ၌ ဖွင့်လှစ်သည့် စားသောက်ဆိုင်များ၊ ရေပေါ်ဈေးများအပြင် ပန်းခြံများ၊ ဆံပင်ညှပ်ဆိုင် များနှင့် အားကစားရုံ တချို့ပါဝင်သည်။ အဆိုပါဖြေလျှော့မှုကို အစိုးရက ပြီးခဲ့သည့် ရက်သတ္တ ပတ်အတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း ဖြေလျှော့မှုသည် တစ်နိုင်ငံလုံးတွင် မေ ၃ ရက် မှစ၍ အသက်ဝင်မည်ဖြစ်သည်။

အစိုးရ၏ ကန့်သတ်မှုများကို ဖြေလျှော့ပေးမည့် ထုတ်ပြန်ချက်သည် ဝန်ကြီးချုပ် ပရာယုချန် အိုချာက နိုင်ငံအတွင်းချမှတ်ထားသည့် အရေးပေါ်အခြေအနေကို မေ ၃၁ ရက်အထိ ထပ်မံ သက်တမ်းတိုးမြှင့်လိုက်ပြီး နောက်ပိုင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ နိုင်ငံအတွင်း ရောဂါပိုး ကူးစက်ခံရသူ ၂၉၆ဝ ရှိပြီး ရောဂါပိုးကူးစက်မှုကြောင့် လူအသေအပျောက်နှုန်းမှာ ရောဂါပိုး စတင်ဖြစ်ပွားသည့် ဇန်နဝါရီလမှစ၍ ၅၄ ဦးသာရှိပြီး ထပ်မံမြင့်တက်လာခြင်းမရှိသောကြောင့် အစိုးရက ကန့်သတ်ချက်များ လျှော့ချလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် အစိုးရသည် နိုင်ငံအတွင်းရှိ လေကြောင်းလိုင်းလေးခုကိုလည်း ပြည်တွင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရန် မေ ၁ ရက်မှစ၍ ခွင့်ပြုခဲ့သည်။ ထိုသို့ခွင့်ပြုရာတွင်လည်း ရောဂါပိုးကူးစက် မှုဖြစ်ပွားနိုင်သည့်အန္တရာယ်ကို လျှော့ချနိုင်မည့် နည်းလမ်းများ အသုံးပြု၍ ခွင့်ပြုခဲ့ခြင်းဖြစ် သည်။ အဆိုပါ လေကြောင်းလိုင်းများသည် ပြည်နယ် ၁၄ ခုအတွင်း ပြန်လည်ပျံသန်းမည်ဖြစ် သည်။

ယခုအခါ နိုင်ငံအတွင်း ရောဂါပိုးကူးစက်မှု လျော့ကျလာခြင်းကြောင့် အစိုးရက ရောင်းဝယ်ခွင့် ပိတ်ပင်ထားသည့် အဖျော်ယမကာများကို မေ ၃ ရက်မှစ၍ ပြန်လည်ဝယ်ယူ ခွင့်ပြုလိုက်သည်။

တိုးတက်လာသည့် အခြေအနေများကြောင့် နိုင်ငံအတွင်း ချမှတ်ထားသည့် ကန့်သတ်ချက်များ ကို အစိုးရက ပထမအဆင့်အနေဖြင့် ယခုကဲ့သို့ ဖြေလျှော့ပေးခဲ့သည်။ သို့သော် ဖြေလျှော့ပြီး နောက် ဆက်လက်ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အခြေအနေများကို အစိုးရအဖွဲ့မှ သက် ဆိုင်ရာအေဂျင်စီများက ရက်သတ္တနှစ်ပတ်ကြာ စောင့်ကြည့်မည်ဖြစ်ပြီး ယင်းကာလအတွင်း  ရောဂါပိုးကူးစက်မှုနှုန်း မြင့်တက်လာခြင်းမရှိဘဲ အခြေအနေဆက်လက် ကောင်းမွန်လာပါက     ဒုတိယအဆင့် ဖြေလျှော့မှုများ ဆက်လက်လုပ်ဆောင် လာဖွယ်ရှိကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။   

Ref: Bangkokpost,ST

Read 81 times Last modified on Monday, 04 May 2020 10:14