SJ WorldNews - шаблон joomla Авто

ဒီနှစ်အတွင်းထုတ်ဖော်ပြသနိုင်ဖွယ်ရှိတဲ့ တရုတ်ရဲ့ကိုယ်ပျောက်ဗုံးကြဲလေယာဉ်အသစ်

Tuesday, 05 May 2020 09:46 font size decrease font size decrease font size increase font size increase font size

စစ်လက်နက်ပစ္စည်း

တရုတ်ရဲ့ မျိုးဆက်သစ်မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်အသစ်က ဒီနှစ်အတွင်းမှာ ထွက် ပေါ်လာဖွယ်ရှိပါတယ်။ ဒါပေမဲ့ လက်ရှိကမ္ဘာ့ကပ်ရောဂါကြောင့် ဒေသတွင်း ဆက်ဆံရေး ရှုပ်ထွေးနေချိန်မှာ ဗုံးကြဲလေယာဉ်အသစ် ထုတ်ဖော်ပြသမှုရဲ့ အကျိုးဆက်ကို တရုတ်အစိုးရ ဘက်က တွက်ဆနေပါတယ်။

အကယ်၍ ကမ္ဘာ့ကပ်ရောဂါကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်ပြီဆိုရင် ဒီနှစ်နိုဝင်ဘာလမှာ ကျင်းပမယ့် ကျူးဟိုင်လေကြောင်းပြပွဲမှာ ဗုံးကြဲလေယာဉ်အသစ်ကို ထုတ်ဖော်ပြသသွားမယ် လို့ စစ်ဘက် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ကျူးဟိုင်လေကြောင်းပြပွဲကိုသာ လုပ်ဖြစ်မယ်ဆိုရင် ကမ္ဘာ့ကပ်ရောဂါက တရုတ်နိုင်ငံရဲ့ ကာ ကွယ်ရေးပစ္စည်းထုတ်လုပ်မှု ကဏ္ဍအပေါ်သက်ရောက်မှု မရှိဘူးဆိုတာ ကမ္ဘာကိုပြောဖို့ အခွင့် အလမ်းကောင်းဖြစ်လာမယ်လို့ စစ်ဘက်အသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တကယ်လို့ လေကြောင်းပြပွဲလုပ်ဖြစ်လို့ ဗုံးကြဲလေယာဉ်အသစ်ကို ထုတ်ဖော်ပြသမယ်ဆိုရင် လည်း ဒါဟာ ဗုံးကြဲလေယာဉ်သွားရောက်တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်းရှိ သြစတြေး လျ၊ ဂျပန်နဲ့ကိုရီးယား ကျွန်းဆွယ်တို့ကို တိုက်ရိုက်စိန်ခေါ်ရာ ရောက်မှာကိုလည်း တာဝန်ရှိသူ တွေက တွက်ဆနေရပါတယ်။

ကမ္ဘာ့ကပ်ရောဂါနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ပြီးခဲ့တဲ့လအတွင်း အပြန်အလှန် စကားနိုင်လုပြောဆိုမှုတွေကြောင့် ဒေသတွင်းတင်းမာမှုတွေ မြင့်တက်လာပါ တယ်။ ဒါ့အပြင် နှစ်နိုင်ငံစလုံးကလည်း ထိုင်ဝမ် ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်ပြင် တို့မှာ ရေကြောင်းကင်းလှည့်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။

တရုတ်လေတပ်က လက်ခံရရှိမယ့် မျိုးဆက်သစ်မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်အသစ် H-20 အမျိုးအစားဖြစ်ပြီး နျူကလီးယားလက်နက်ကို တင်ဆောင်နိုင်ကာ ကီလိုမီတာ ၈၅ဝဝ (မိုင် ၅၃ဝဝ)ကျော် ပျံသန်းနိုင်ဖွယ်ရှိတယ်လို့ အမေရိကန်ဘက်က ခန့်မှန်းထားပါတယ်။

H-20 က တရုတ်နိုင်ငံရဲ့မျိုးဆက်သစ် စစ်လေယာဉ်အမျိုးအစားဖြစ်တဲ့ ၂ဝ အမျိုးအစားထဲက နောက်ဆုံးစစ်လေယာဉ်ဖြစ်ပါတယ်။ ၂ဝ အမျိုးအစားထဲမှာပါတဲ့ လေယာဉ်တွေကတော့ J-20 ကိုယ်ပျောက်တိုက်လေယာဉ်၊ Y-20 အကြီးစားသယ်ယူ ပို့ဆောင်ရေးလေယာဉ်နဲ့ Z-20 အလတ်စား ဘက်စုံသုံးရဟတ်ယာဉ်တို့ဖြစ်ပါတယ်။

ဒါကြောင့် H-20 သာ အားဖြည့်လိုက်ပါက တရုတ်တပ်မတော်ဟာ နျူကလီးယား လက်နက်သုံး မျိုးနဲ့ပြည့်စုံသွားမှာဖြစ်ပါတယ်။ နျူကလီးယား လက်နက်သုံးမျိုးဆိုတာက မြေပြင်အခြေပြု တိုက်ချင်းပစ်ပဲ့ ထိန်းဒုံးကျည်များ၊ ရေငုပ်သင်္ဘောပစ် ဒုံးကျည်များနဲ့ ဝေဟင်ပစ်လက်နက်များ ဖြစ်ပါတယ်။ လက်ရှိတရုတ်နိုင်ငံမှာ အသုံးပြုနေတဲ့ ဗုံးကြဲလေယာဉ်က H-6K ဗုံးကြဲလေယာဉ် ဖြစ်ပြီး အမေရိကန်ရဲ့ B-52 ဗုံးကြဲလေယာဉ်နဲ့ စွမ်းဆောင်ရည်ညီမျှပါတယ်။

တရုတ်လေတပ်ကရရှိမယ့် H-20 ဟာ H-6K ထက် ခရီးအကွာအဝေး နှစ်ဆပိုသွားနိုင်တာ ကြောင့် ဂျပန်၊ ဂူအမ်၊ ဖိလစ်ပိုင်နဲ့ တခြားနိုင်ငံတွေမှာရှိမယ့် အမေရိကန်စစ် အခြေစိုက် စခန်းတွေကို ကျော်လွန်ဗုံးကြဲနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အမေရိကန်နဲ့တရုတ်နိုင်ငံတို့အကြား မဟာဗျူဟာမြောက်တွက်ချက်မှု အခြေအနေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေနိုင်ပါတယ်။

နျူကလီးယားအပြင် သမားရိုးကျ ဒုံးကျည်များလည်း တပ်ဆင်နိုင်ပြီး တင်ဆောင်နိုင်တဲ့ စစ်လက်နက်ပစ္စည်းတန်ချိန် ၄၅ တန်အပါအဝင် တန် ၂ဝဝ နဲ့ထွက်ခွာနိုင်တဲ့ H-20 ဟာ အသံရဲ့ မြန်နှုန်းအောက်လျော့တဲ့အမြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့အပြင် အဖျက်စွမ်းအားပြင်းတဲ့ အသံထက် အလွန်မြန်ကိုယ်ပျောက်ခရု(စ်) ဒုံးကျည်လေးစင်းကိုလည်း ပစ်လွှတ်နိုင်ပါတယ်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က H-20 ဗုံးကြဲလေယာဉ်ဖန်တီး ထုတ်လုပ်မှုကို  ၂ဝဝဝ ပြည့်နှစ်အလွန် ကာလတွေကတည်းက စတင်ခဲ့ဖွယ်ရှိပေမယ့် ၂ဝ၁၆ ခုနှစ်ရောက်မှ သာ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ် တစ်စင်းထုတ်လုပ်မယ့် စီမံကိန်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

စစ်ဘက်လေ့လာသူတချို့ ပြောတာကတော့ H-20 ဗုံးကြဲလေယာဉ်ဟာ သူ့ရဲ့ မူလပုံစံထက် ပျံသန်းသွားလာနိုင်တဲ့ အမြန်နှုန်းနည်းပါးနိုင်တာကြောင့် တရုတ်က H-20 ဗုံးကြဲလေယာဉ် ထုတ် ဖော်ပြသတာကို အမေရိကန်ဘက်က နည်းနည်းမှစိုးရိမ်စိတ်ရှိမှာ မဟုတ်ဘူးလို့ဆိုပါ တယ်။

တကယ်လို့သာ  အမေရိကန်ဘက်က ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ အိန္ဒိယ၊ တရုတ် (တိုင်ပေ)တို့မှာသာ F-35 အမျိုးအစား တိုက်လေယာဉ်အစင်း ၅ဝဝ ခန့်လောက် ဖြန့်ကြက်ဖို့ ဆုံးဖြတ်လိုက်ရင် တရုတ်က H-20 ဗုံးကြဲလေယာဉ်ကို သတ်မှတ်ကာလထက်စောပြီး   ထုတ်ဖော်ပြသနိုင်တယ်လို့လည်း လေ့လာသူတချို့က ပြောထားပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့  နိုင်ငံတွေက အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ကိုထိန်းချုပ်ဖို့အတွက် F-35 တိုက်လေယာဉ်တွေကို အသုံးပြုမယ့်နိုင်ငံတွေဖြစ်ပြီး ဂျပန်နဲ့တောင် ကိုရီးယားနှစ်နိုင်ငံ တည်းမှာပင် အမေရိကန်ကရောင်းချပေးထားတဲ့ F-35 တိုက်လေယာဉ်အစင်း ၂ဝဝ ရှိပါတယ်။

Ref: SCMP

Read 47 times Last modified on Tuesday, 05 May 2020 09:52