SJ WorldNews - шаблон joomla Авто

ဗီယက်နမ်၌ အစိုးရက စာသင်ကျောင်းများပြန်ဖွင့်

Tuesday, 05 May 2020 09:52 font size decrease font size decrease font size increase font size increase font size

ဟနွိုင်း၊ ပညာရေး

ဗီယက်နမ်၌ ၁၇ ရက်ဆက်တိုက် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်သူမရှိသောကြောင့် အစိုးရက စာသင်ကျောင်းများကို မေ ၄ ရက်တွင် ပြန်ဖွင့်လှစ်ပေးကြောင်း သိရသည်။ ဗီယက်နမ် အစိုးရသည် ကျန်းမာရေး ကျွမ်းကျင်သူများ၏ အကြံပြုချက်နှင့်အညီ နိုင်ငံအတွင်းရှိ  ပြည်သူ အများအပြားကို စောင့်ကြည့်ခြင်း၊ ဗိုင်းရပ်ကူးစက်ခံရသူများနှင့်ထိတွေ့ခဲ့သူများကိုခြေရာခံခြင်း စသည့် နည်းလမ်းများကြောင့် ဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီးနောက် အစိုးရက စာသင် ကျောင်းများကိုပြန်ဖွင့်ခြင်းဖြစ်သည်။

အစိုးရသည် ဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် နိုင်ငံအတွင်းရှိ စာသင်ကျောင်းများကို  သုံးလကြာ ပိတ်လိုက်ရကြောင်း သိရသည်။ နိုင်ငံအနောက်ပိုင်းရှိ စာသင်ကျောင်းတစ်ခု၌  ကျောင်းမှ တာဝန်ရှိသူများက ကျောင်းသားများကို ကျောင်းအတွင်းမဝင်မီ ကိုယ်အပူချိန် စစ်ဆေးခြင်း လုပ်ဆောင်လျက်ရှိသည်။ ဗီယက်နမ်၌ ဗိုင်းရပ်ကူးစက်ခံရသူ ၂၇၁ ဦးရှိပြီး   သေဆုံးသူမရှိကြောင်း အာဏာပိုင်များက မေ ၃ ရက်တွင် ထုတ်ပြန်သည်။

Ref: The Straits Times

Read 45 times Last modified on Tuesday, 05 May 2020 09:53