SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ်က ဓာတ်ခွဲခန်းမှထွက်လာသည်ဟူသော ပြောဆိုချက်များ သက်သေပေးရန် အမေရိကန်ကို တရုတ်တောင်းဆို

Tuesday, 05 May 2020 09:53 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်၊ ကျန်းမာရေး

နိုဗယ်ကိုရိုနာဗိုင်းရပ်သည် ဝူဟန်မြို့ရှိ သုတေသနဓာတ်ခွဲခန်းမှ ထွက်ပေါ်လာပြီး တရုတ်နိုင်ငံ အနေဖြင့် ယင်းဗိုင်းရပ်၏ နောက်ဆက်တွဲဖြစ်စဉ်ကို ဖုံးကွယ်ရန် ကြိုးပမ်းနေသည်ဟူသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုတို့၏ အတည်ပြုပြော ဆိုချက်များအတွက် သက်သေပေးရန် တရုတ်နိုင်ငံပိုင်သတင်းဌာနတစ်ခုက ဒေါသတကြီး တောင်းဆိုလိုက်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အနေဖြင့် ယင်းဗိုင်းရပ်စတင်ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ သက်သေများစွာတွေ့မြင်ထားသည်ဟု မေ ၃ ရက်တွင် ပြောသော်လည်း   မည် သည့်သက်သေမျှ ထုတ်ဖော်ပြထားခြင်း မရှိကြောင်းသိရသည်။

မိုက်ပွန်ပီယို၏ ပြောဆိုချက်များသည် အခြေအမြစ်မရှိကြောင်း၊ အကယ်၍ ထိုဗိုင်းရပ်မှာ ဓာတ်ခွဲခန်းမှ စတင်ပါက သက်သေပြသင့်ကြောင်းနှင့် အမေရိကန်အစိုးရအနေဖြင့် တရုတ် နိုင်ငံအပေါ် ဝါဒဖြန့်ချိရေးစစ်ပွဲလုပ်ဆောင်နေကြောင်း Global Times သတင်းစာက ထုတ်ပြန် ထားသည်။

လက်ရှိတွင် လူသုံးသန်းခွဲကျော်ကို ကူးစက်စေပြီး နှစ်သိန်းခွဲနီးပါး သေဆုံးပြီးဖြစ်သော နိုဗယ်ကိုရိုနာဗိုင်းရပ်နှင့် စပ်လျဉ်း၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် နိုင်ငံခြားရေးဝန်ကြီး   မိုက်ပွန်ပီယိုတို့က တရုတ်နိုင်ငံအပေါ် အပြစ်တင်ထားကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်သည် တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ရှိ အသား၊ ငါးဈေးတစ်ခုမှ စတင်ကူးစက်ဖြစ်ပွားသည်ဟု ကနဦးတွင် ယူဆထားသော်လည်း  ထိုဗိုင်းရပ်မှာ ယင်းဈေးမှ မိုင်အနည်းငယ်ကွာဝေးသော ဝူဟန်ရောဂါပိုးမွှား ဗေဒဌာနမှစတင်သည်ဟု အမေရိကန် အစိုးရက စွပ်စွဲထားသည်။

သို့သော် ထိုဗိုင်းရပ်ကို လူကလုပ်ထားခြင်း သို့မဟုတ် မျိုးရိုးဗီဇပြုပြင်ထားခြင်းဟုတ်၊ မဟုတ် ကို အမေရိကန် ထောက်လှမ်းရေးများက စုံစမ်းနေဆဲဖြစ်သည်။ ထို့ပြင် အမေရိကန်အစိုးရ သည် ထိုဗိုင်းရပ်က ဓာတ်ခွဲခန်းမှစတင်သည်ဟူသော သက်သေများဖြင့် အမှန်ထင်မြင်ရေး ပြုလုပ်ရန် ထောက်လှမ်းရေးဌာနကို ဖိအားပေးနေကြောင်း The New York Times သတင်း ဌာနက   ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ထားသည်။

Ref: News Week

Read 49 times Last modified on Tuesday, 05 May 2020 09:55