SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယား၌ ကျောင်းဆရာများနှင့်ကျောင်းသားများ နှာခေါင်းစည်းများမဖြစ်မနေတပ်၍ စာသင်ရမည်

Tuesday, 05 May 2020 09:55 font size decrease font size decrease font size increase font size increase font size

ဆိုး၊ ပြည်တွင်းရေး

တောင်ကိုရီးယား၌ နေ့စဉ်နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရသူအရေအတွက်မှာ သုညအထိကျ ဆင်းလာစဉ် အစိုးရက မေ ၁၃ ရက်မှစ၍ စာသင်ကျောင်းများကို အဆင့်လိုက်ဖွင့်လှစ် သွားမည်ဖြစ်ပြီး ကျောင်းဆရာများနှင့် ကျောင်းသားများအနေဖြင့် နှာခေါင်းစည်းများ မဖြစ်မနေ တပ်၍ စာသင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျောင်းဆရာများ၊ ကျောင်းသားများအနေဖြင့် စာသင်ခန်းသို့ရောက်သည်နှင့် သတိရှိ ရန်လည်းလိုအပ်ကြောင်း ကျန်းမာ ရေးတာဝန်ရှိသူများက သတိပေးထားသည်။ တာဝန်ရှိသူ များက စာသင်ကျောင်းများ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု မြင့်တက်နိုင်ဖွယ်ရှိမှုနှင့် စပ်လျဉ်း ၍ သဏ္ဌာန်တူ လေ့ကျင့်မှုများလုပ်ဆောင်ကာ လမ်းညွှန်ချက်များကို ကြိုတင်ပြင်ဆင် လျက်ရှိသည်။

ထိုနိုင်ငံ၌ ဗိုင်းရပ်ကူးစက်မှုကြောင့် နွေရာသီပညာသင်နှစ်ဝက် ကာလစတင်မှုကို မတ်လမှ စတင်၍ လေးကြိမ်ရွှေ့ဆိုင်းထားပြီး အွန်လိုင်းမှသာသင်ကြားနေသည်။ နေ့စဉ်နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရသူ မရှိသည့်အတွက် စာသင်ကျောင်းများကို ပြန်ဖွင့်ရန်ပြင်ဆင်နေပြီး အကယ်၍ ကျောင်းသားတစ်ဦး ဗိုင်းရပ်ကူးစက်ခံရပါက ကျန်းမာရေး တာဝန်ရှိသူများကလိုအပ် သောဆောင်ရွက်ချက်များ လုပ်ဆောင်ပြီး ကျောင်းသားများအနေဖြင့် အွန်လိုင်းမှသာ စာသင်ရ မည်ဟု ပညာရေးဝန်ကြီးက ပြောသည်။

တောင်ကိုရီးယားအစိုးရသည် အခြားနိုင်ငံများကဲ့သို့ အသွားအလာ တားမြစ်ကန့်သတ်ချက် များကို သက်တမ်းတိုးခြင်းမရှိဘဲ ဗိုင်းရပ်ကူးစက်မှုနှင့် စပ်လျဉ်း၍ ကျယ်ပြန့်သော စမ်းသပ် စစ်ဆေးမှု၊ ဗိုင်းရပ်ကူးစက်သူများနှင့်ထိတွေ့သူများကို ဆော့ဝဲအသုံးပြုပြီး ခြေရာခံခြင်းဖြင့် ထိုဗိုင်းရပ်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

Ref: CNA

Read 41 times Last modified on Tuesday, 05 May 2020 09:56