SJ WorldNews - шаблон joomla Авто

အာဖဂန်နစ္စတန်အစိုးရက တစ်နိုင်ငံလုံးရှိပြည်သူများအတွက် နံပြားများနေ့စဉ်ဝေပေး

Wednesday, 06 May 2020 11:53 font size decrease font size decrease font size increase font size increase font size

အာဖဂန်နစ္စတန်အစိုးရသည် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် အစားအစာအခက်အခဲ ဖြစ်နေသည့် ပြည်သူများအတွက်    နံပြားများကိုနေ့စဉ်ဝေပေးနေကြောင်း သိရသည်။

အဆိုပါအစီအစဉ်၏ပထမအဆင့်အနေဖြင့် ကဘူးမြို့ရှိအိမ်ထောင်စုပေါင်း နှစ်သိန်းခွဲကျော်မှာ မိသားစုတစ်စုအနေဖြင့် တစ်ရက်လျှင် နံပြား ၁၀ ချပ်ရရှိနေပြီဖြစ်သည်။

ကမ္ဘာ့အဆင်းရဲဆုံးတစ်နိုင်ငံဖြစ်သည့် အာဖဂန်နစ္စတန်၌ ဗိုင်းရပ်ကူးစက်မှုကြောင့် အစစအရာရာဈေး တက်နေချိန်တွင် အစိုးရအနေဖြင့်ပြည်သူများအတွက် နံပြားဝေပေးမည့် အစီအစဉ်ကို  အခြားမြို့ကြီးများတွင်လည်း  အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သမ္မတ အာရှရက်ဂါနီကပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ အခြေခံစားသောက်ကုန် ဈေးနှုန်းများသည် ဧပြီလတွင် ၁၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး မတ်လတွင် ၁၁ ရာခိုင်နှုန်းမြင့်တက်သည့် အစားအစာဈေးနှုန်းက ဧပြီလတွင် ၂၇ ရာခိုင်နှုန်းမြင့် တက်လာကြောင်း   စီးပွားရေးပညာရှင် အိုမာဂျိုယာက ပြောသည်။

ထို့ပြင် အစားအစာများနှင့် အစားအစာမဟုတ်သည့် ကုန်ပစ္စည်းများအတွက် ပြည်ပမှတင်ပို့မှု ကိုသာ အားကိုနေရသည့် အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့်     ဗိုင်းရပ် ကူးစက်မှုကြောင့် နယ်စပ်များကို ပိတ်လိုက်ရသည့်အတွက် ပြည်တွင်းစားသုံးမှုကို အကြီးအကျယ် ထိခိုက်စေခြင်းဖြစ်ကြောင်း င်းကဆက်ပြောသည်။

အလားတူ အာဖဂန်နစ္စတန်နိုင်ငံ၏ ကျန်းမာရေးအရေးပေါ်အခြေအနေသည် အစားအစာနှင့် အသက် ရှင်သန်မှုပဋိပက္ခသို့ ပြောင်းလဲလာပြီဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ဌာနေကိုယ်စားလှယ် ပါဗာသီရာ မာဆွာမိကပြောသည်။

Ref: CNA

Read 62 times Last modified on Wednesday, 06 May 2020 11:54