SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို တားမြစ်ပေးနိုင်သည့် ပဋိပစ္စည်းကိုတွေ့ရှိပြီ Featured

Wednesday, 06 May 2020 11:57 font size decrease font size decrease font size increase font size increase font size

နယ်သာလန်နိုင်ငံမှ သုတေသနပညာရှင်များသည် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို တားမြစ် ပေးနိုင်သောပဋိပစ္စည်းကို တွေ့ရှိပြီဖြစ်ကြောင်းသိရသည်။ အဆိုပါပဋိပစ္စည်းကို တွေ့ရှိမှုသည် ကိုဗစ်-၁၉ ရောဂါကိုကုသနိုင်မည့် ကုထုံးများကိုဖော် ထုတ်ရာတွင် အထောက်အပံ့ ဖြစ်စေမည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ထားသည်။

သို့သော် ထိုပဋိပစ္စည်းကို  ဓာတ်ခွဲခန်းတွင်သာ စမ်းသပ်ရသေးပြီး တိရစ္ဆာန် သို့မဟုတ် လူသား များတွင် မစမ်းသပ်ရသေး ကြောင်း သိရသည်။

သုတေသီများသည် ဆား(စ်)နှင့်မား(စ်) ရောဂါများကိုဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်များ အပါအဝင် ထိုဗိုင်းရပ်များကအသုံးပြုသည့် စပိုက်ပရိုတိန်းသီးသန့်ထဲသို့ လူသားများ၏ ကိုယ်တွင်းအင်္ဂါ ဖွဲ့စည်းလုပ်ဆောင်ပုံများ တူညီသော ကြွက်တစ်ကောင်၏ကလာပ်စည်း များကို ထိုးသွင်းလိုက်သည်။

ထို့အခါ အဆိုပါကလာပ်စည်းများသည် ဗိုင်းရပ်ကူးစက်မှုကို တားဆီးပေးနိုင်သည့် ပဋိပစ္စည်းများကို   ထုတ်လုပ်ပေးသည်ကို တွေ့ရသည်။

ထို့နောက် သုတေသီများသည် ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ် မျိုးခွဲနှင့်  ဆား(စ်)ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်မျိုးခွဲတို့ဖြင့်လည်း သီးသန့်စမ်းသပ်သည်။ ထိုသို့စမ်းသပ်ရာတွင်လည်း ထွက်လာသည့် ပဋိပစ္စည်းများထဲမှတစ်ခုသည် ထိုဗိုင်းရပ်များက ကလာပ်စည်းများသို့ ကူးစက်ခြင်းမရှိစေရန် တားဆီးပေးသည် ကိုတွေ့ရသည်။

Ref: CNA

Read 58 times Last modified on Wednesday, 06 May 2020 12:58