SJ WorldNews - шаблон joomla Авто

တရုတ်က အရေးပါသည့် ပို့ဆောင်ရေးဒုံးပျံအသစ်ကို အောင်မြင်စွာပစ်လွှတ်နိုင်

Wednesday, 06 May 2020 14:24 font size decrease font size decrease font size increase font size increase font size

 တရုတ်နိုင်ငံ၏ အာကာသစခန်းလည်ပတ်ရေးနှင့် အာကာသယာဉ်မှူးများကို လသို့ စေလွှတ်နိုင်ရေး ရည်မှန်းချက်များအတွက်  အဓိကအရေးပါသည့်   ပို့ဆောင်ရေးဒုံးပျံ အသစ်ကို မေ ၅ ရက်တွင် အောင်မြင်စွာ ပစ်လွှတ်နိုင်ကြောင်း သိရသည်။

 

အကြီးစားပို့ဆောင်ရေးဒုံးပျံဖြစ်သည့်  Long March-5B သည် နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းရှိ  ဝမ်ချန်းဒုံးပျံလွှတ်တင်ရေး စခန်းမှထွက်ခွာပြီး သတ်မှတ်ပတ်လမ်းအတွင်းသို့ ဝင်ရောက် သွားကြောင်း နိုင်ငံပိုင် CCTV သတင်းဌာနကဖော်ပြထားသည်။

 

ထို့ပြင် အဆိုပါဒုံးပျံကိုပစ်လွှတ်နိုင်မှုသည် Long March-5B အမျိုးအစားဒုံးပျံအတွက် ပထမဆုံးပစ်လွှတ်မှုဖြစ်ကြောင်း CCTV သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။

 

အလျား ၅၃ ဒသမ ၇ မီတာနှင့် ထွက်ခွာအလေးချိန် ၈၄၉ တန်အထိသယ်ဆောင်နိုင်သော Long March-5B ကို ဧပြီလ အတွင်းပစ်လွှတ်ရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ယခုမှ ပစ်လွှတ်နိုင်ခြင်းဖြစ်သည်။

 

ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန်နိုင်ငံတို့ပြီးနောက် ၂၀ဝ၃ ခုနှစ်တွင် ကိုယ်ပိုင် ဒုံးပျံဖြင့် အာကာသထဲသို့ လူလွှတ်နိုင်သည့် တတိယမြောက်နိုင်ငံဖြစ်လာသော တရုတ်နိုင်ငံသည်  ၂၀၂၂  ခုနှစ်တွင် ကိုယ်ပိုင် အာကာသစခန်းတစ်ခုကို  ပိုင်ဆိုင်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

 

Ref: CNA

 

Read 58 times Last modified on Wednesday, 06 May 2020 14:26